နေပြည်တော် ဩဂုတ် ၁၇
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြန်မာ့စီးပွား ရေးဘဏ်၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ ဘဏ်ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်လီကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအတွက် အိမ်ဆောက်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ ဆေးရုံများတွင် တက်ရောက်ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဝိုင်းဝန်းလုပ်ဆောင်ပေးသော စေတနာ့ဝန်ထမ်းများအား ဆန်၊ အလှူငွေနှင့် စားသောက်ဖွယ်ရာများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ကြီးဌာန မှ ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရထောက်ပံ့ငွေ ကျပ်သိန်း ၇၈၀ နှင့် တိုင်း/ ခရိုင်/ မြို့နယ် ကျန်းမာရေးဦးစီးဌာနများနှင့် ကိုဗစ်ကုသရေးစင်တာ ဆေးရုံများတွင် တာဝန် ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရထောက်ပံ့ငွေကျပ်သိန်း ၂၅၀ ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များက အသီးသီးသွားရောက်ထောက်ပံ့လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်