Skip to main content

Jan 07, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကွပ်ကဲရေးရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2021

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(ပထမအကြိမ်) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2021

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်စည်ပင် သာယာရေးကော်မတီ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2021

အမြင်အာရုံနှင့် အကြားအာရုံချို့ယွင်းသူ မသန်စွမ်းသူများအသုံးပြုနိုင်သော ဘေးအန္တ ရာယ် (၉)မျိုး အသိပညာပေး မျက်မမြင်လက်စမ်းစာအုပ်နှင့် လက်သင်္ကေတပြ ဘာသာ စကားပါ ဗီဒီယိုဖိုင်များ လက်ခံခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၌ အွန်လိုင်းစနစ်ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ (၁၂၆) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2021

နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ ပံ့ပိုးကူညီမှု၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာ အဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်သော ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်

ဆက်လက်ဖတ်ရှုရန်

Jan 07, 2021

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီမံမှု၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု၊ အာဏာပိုင်အဖွဲ့(YRTA)၏ ကြီးကြပ်မှုဖြင့် စတုတ္ထအကြိမ်မြောက် ခရီးစဉ်အဖြစ် ကိုကိုးကျွန်းမြို့နယ်သို့ ပြေးဆွဲမည့် M.V CHARITES သင်္ဘော သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းမှ ထွက်ခွာသွား ကြောင်း သိရသည်။ 

ဆက်လက်ဖတ်ရှုရန်

Jan 07, 2021

နေပြည်တော် ဇန်နဝါရီ ၆

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2021

နိုင်ငံတကာ ခရီးသည်တင်လေယာဉ် များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် မလေးရှားနိုင်ငံတွင် ပြစ်ဒဏ် ကျခံပြီးဖြစ်သည့် ထိန်းသိမ်းခံ မြန်မာ နိုင်ငံသား ၆၁ ဦး အပါအဝင် အခက် အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သား စုစုပေါင်း ၁၇၄ ဦးအား ကွာလာ လမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ် သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့ စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2021

တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်လျက်ရှိသည့် Sharing Economy နှင့် အနာဂတ်တွင် အရေးပါမှုဆိုင်ရာ ဗဟုသုတ မျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၆ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး ။ ။ ဒီအစီအစဉ်မှာ တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ Sharing Economy

ဆက်လက်ဖတ်ရှုရန်

Jan 07, 2021

ကုန်လွန်ခဲ့သောနှစ် ၂၀၂၀-၂၀၂၁ သည်ကား ကျန်ခဲ့ပြီ။ ကိုဗစ်-၁၉ကပ်ရောဂါနှင့် တည့်တိုးရင်ဆိုင်ခဲ့ကြရသော တစ်နှစ် ကြာ ခရီးတာသည် ခက်ခဲလှသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ကမ္ဘာ ကြီးနှင့်အတူ ကိုဗစ်ရောဂါကို ရင်ဆိုင်ခဲ့ကြရသည် ဟုဆိုနိုင်သော် လည်း၊ ဆင်းရဲချို့တဲ့သော နိုင်ငံ၊ နည်းပညာအတတ်ပညာ အားနည်းသော နိုင်ငံတစ်ခုအနေဖြင့် ဖြတ်သန်းကျော်လွှားရခြင်းဖြစ်သည့် အတွက် ပို၍သတိကြီးကြီး ထားခဲ့ရ၊ ပို၍အင်အား စိုက်ထုတ်ခဲ့ရ သည်ကားအမှန်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2021

မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် (၂၀၂၀-၂၀၂၄) စာအုပ် မိတ်ဆက်ခြင်းအခမ်းအနားကို ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် အွန်လိုင်းဖြင့် ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဗီဒီယိုဖြင့် သတင်းစကားပါးခဲ့သည်။ တစ်ဆက်တည်းတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁၂၀၃၀) ရေးဆွဲရေးအတွက် လူငယ်ရေးရာကော်မတီဝင်များ အွန်လိုင်းစနစ်ဖြင့် ညှိနှိုင်းဆွေးနွေးနေကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2021

(၅-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၆-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇,၂၇၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ

ဆက်လက်ဖတ်ရှုရန်

Jan 06, 2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သံဝေဇနိယလေးဌာနရှိ မဟာဗောဓိစေတီတော်ကြီး တွင် အဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2021

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ Access to Health Fund နှင့် Jhpiego – Johns Hopkins University Affiliate တို့ ပူးပေါင်းဆောင်ရွက်သည့် သူနာပြုနှင့်သားဖွား ဒီပလိုမာ (၃နှစ် သင်တန်း) နှင့် သားဖွားဒီပလိုမာ (၂နှစ် သင်တန်း) နောက်ဆုံးနှစ်များ၌ အီလက်ထရောနစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ထည့်သွင်းကာ စတင်သင်ကြားမည့် အစီအစဉ်မိတ်ဆက်မှု အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2021

ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှု အခန်းကဏ္ဍများကို အများပြည်သူ သိမြင်နိုင်စေ ရန်အတွက် ဘားအံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွှဲ ၁ နာရီခန့်က ကရင်ပြည်နယ်ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များစာစောင်(Citizen Budget) Talk Show  ဆွေးနွေးပွဲကိုကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2021

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ မလွှဲတောင်ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ၆ ရက် နံနက် ၁၁ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်