Skip to main content

Aug 18, 2021

နေပြည်တော်မြို့တော်ဖွံ့ဖြိုး တိုးတက်ရေး အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

ရောဂါပိုးမွှားပဋိဇီဝများသည် သက်ရှိများကို မှီတွယ်ရှင်သန်နေကြသည်။ လူသတ္တဝါ၏ ခန္ဓာကိုယ်တွင် ပိုးမွှားမျိုးစုံတို့ မှီတွယ်နေကြသည်။ တိရစ္ဆာန်မျိုးစုံတို့တွင်လည်း ပိုးမွှားမျိုးစုံ ကပ်ပါးကောင်များ ကပ်မြှောင်နေကြသည်ကို အနီးကပ်ကြည့်လျှင် မြင်တွေ့နိုင်သည်။ ထိုသို့ မှီခိုနေသောပိုးမွှားမျိုးစုံတို့တွင် သတ္တဝါတို့ကို အကျိုးပြုသော ပိုးမွှားများရှိသကဲ့သို့ အကျိုး မပြုသော ပိုးမွှားများ၊ အန္တရာယ်ပေးနိုင်သောပိုးမွှား များရှိနေသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

မိုးတွင်းကာလ ရေကြီးရေလျှံမှုသည် လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ နှစ်စဉ်လိုလို ဖြစ်လာခဲ့သည်။ မုတ်သုံလေအားကောင်း၍ မိုးရွာသွန်းမှု များပြားသည့်အခါ မြစ်ချောင်းများအတွင်း ပုံမှန်ထိန်းနိုင်သည့် ရေပမာဏထက် အများအပြားကျော်လွန်ပါက ရေကြီးရေလျှံမှု ဖြစ်ပေါ်လာသည်။ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သည့် ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်တို့တွင် နှစ်စဉ်လိုလို ရေကြီးမှုဖြစ်ပေါ်သည့်အခါ မြေအနေအထားကို လိုက်၍ အနိမ့်ပိုင်းဒေသတို့မှာ ရေကြီးရေလျှံမှုကို ခံစားကြရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၇)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန် တော်၊ ဆီနှင့် ပဲ လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နန်းဦးပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နေပြည်တော် ခုတင် (၁၀၀၀) သို့ အောက်ဆီဂျင်အိုး (လီတာ ၄၀ ဆံ့)အိုး ၁၀၀ နှင့် အလှူငွေကျပ် ၁၄ သိန်း ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိရာ စက်ရုံမှူး က စက်ရုံတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန် ကျန်ရှိသည့် အခြေအနေ၊ စက်ပစ္စည်းများရောက်ရှိမှု၊ သံမဏိကုန်ကြမ်းများ စုဆောင်းရရှိမှုနှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၇)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်- ဩရိဿတောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဩရိဿကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

မြောင်ဇီးအမျိုးသမီးများ မြောင်ဇီးအမျိုးသမီးများ၏ခေါင်းတွင် အနက်စအရှည် ဆယ်ကိုက်ကျော်ခန့်အား အထပ်ထပ်ဖြင့် လှပစွာ ခေါင်းပေါင်းပြုလုပ်၍ ဆင်မြန်းထားကြ၏။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး လျက် ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများဆောင်ရွက်ပေးနိုင်ရန် အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှု များကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၈၀၆၈၄ ဦးနှင့် အတွင်းလူနာပေါင်း ၈၂၃၄၉ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာ များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများ အား ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆန်ဆိုင်း (က)ရပ်ကွက်၊ နမ့်ခေါင်းချောင်းပေါ်ရှိ ကွန်ကရစ်ရေကျော်တံတားသည် အမှိုက်များ ပိတ်ဆို့၍ ရေလျှံမှုဖြစ်ပေါ်ခဲ့ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် စည်ပင်သာယာရေးဝန်ထမ်းများက ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှိုက်များ ရှင်းလင်းဖယ်ရှားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှု ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

ဖီဂျီသမ္မတနိုင်ငံသည် တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း မီလန်နီးရှားဒေသတွင်ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဖီဂျီသမ္မတနိုင်ငံသည် ၁၈၂၇၄ စတုရန်းကီလိုမီတာ အကျယ်အဝန်း ရှိပါသည်။ ကျွန်းစုပေါင်း ၃၀၀ ကျော်ရှိပြီး ကျွန်းပေါင်း ၁၁၀ တွင် အမြဲတမ်း လူနေထိုင်ကြသည်။ အဓိကကျွန်း နှစ်ခုဖြစ်သော ဗီတီလီဗူးနှင့် ဗန္ဒာလီဗူးတွင် လူဦး ရေစုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းကျော် နေထိုင်ကြသည်။ မြို့တော်မှာ ဗီတီလီဗူးကျွန်းတွင် တည်ရှိသော ဆူးဗားမြို့ ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ နောက်ဆုံးကောက်ယူရရှိသည့် အချက်အလက် များအပေါ် အခြေခံတွက်ချက်မှုအရ ၂၀၂၁ ခုနှစ်တွင် နိုင်ငံ၏လူဦးရေမှာ ကိုးသိန်းကျော်ခန့်ရှိသည်။ အနီးဆုံး အိမ်နီးချင်းနိုင်ငံများမှာ အနောက်ဘက်တွင် ဗနွားတူနိုင်ငံ၊ အနောက် တောင်ဘက်တွင် နယူးကယ်လီဒိုးနီးယား၊ အရှေ့တောင်ဘက်တွင် နယူးဇီလန်၏ ကာမာဒက် ကျွန်းများ၊ အရှေ့ဘက်တွင် တုံဂါနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ဆမိုးအားနိုင်ငံ၊ ပြင်သစ်၏ ဝေါလစ်နှင့် ဖူကျူးနား၊ မြောက်ဘက်တွင် တူဗားလူနိုင်ငံတို့ ဖြစ်ကြသည်။

ဆက်လက်ဖတ်ရှုရန်