နေပြည်တော် ဩဂုတ် ၁၇
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်။ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။
ဆက်ကပ်လှူဒါန်းခဲ့
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့ရှိ ကျိုက်ဒေးစတိုး ဘုရားကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်၌ ဝါကပ်သီတင်းသုံးတော်မူကြသော သံဃာတော်များနှင့် သာသနာ့ နွယ်ဝင်သီလရှင် အပါး ၇၂၅၀၊ ချမ်းအေးသာစံမြို့နယ် တောင်စလင်းတိုက်ကျောင်း၊ ပြင်ဦးလွင်မြို့ မြို့လယ်ရွှေစည်းခုံကျောင်းတိုက်၊ မတ္တရာမြို့နယ် အင်ကြင်းမြိုင်ကျေးရွာရှိ ဓမ္မမာမက ဘုန်းကြီးကျောင်း၊ မိတ္ထီလာမြို့ ရွှေမြင်တင်ဘုန်း တော်ကြီးကျောင်း၊ သရက်မြို့နယ် ပိတောက်ပြင် ကျေးရွာရှိ ပညာလင်္ကာရဘုန်းကြီးကျောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ ရတနာသိဒ္ဓိကျောင်းတိုက်တို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်