Jan 23, 2021
မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက် ဂျုံးဂျုံးကျတောရကျောင်းလမ်းတွင် တည်ဆောက်မည့် ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန သက်မွေးပညာ သင်တန်းကျောင်း ပင်မစာသင်ဆောင်အဆောက်အဦသစ် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကို ယနေ့နံနက် ၈နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 23, 2021
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ အမှတ် (၂)ရပ်ကွက်ရှိမြို့နယ်စည်ပင်သာယာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်၌ ခတတ်ချဉ် ကျေးရွာအုပ်စု စိုက်ပျိုးရေးဦးစီးဌာန (ကော်ဖီရာသီ) သီးနှံဌာနခွဲမှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် မြေယာများအား တောင်သူများသို့ယာယီလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စဉ့်ကူးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ တောင်သူကိုယ်စားလှယ်များ စုစုပေါင်းအင်အား (၃၀)ဦး တက်ရောက်ခဲ့သည်။
Jan 23, 2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူနိုင်ရေး အလှူငွေပေးအပ်ပွဲကို ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပခဲ့သည်။
Jan 23, 2021
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ စေတနာအလှူရှင်များမှဆောက်လုပ်လှူဒါန်းသည့် ၆၇ ကုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အထွေထွေ ရောဂါကုဆေးရုံကြီး(မန္တလေး) တွင်ပြုလုပ်ခဲ့သည်။
Jan 23, 2021
သံတောင်ကြီး ဇန်နဝါရီ ၂၃
Jan 23, 2021
ရန်ကုန်မြို့ရှိ ဘူတာရုံများနှင့် ရထားလမ်းများကို ဂျပန်နိုင်ငံမှ JICA နှင့် မြန်မာ့မီးရထား တို့က အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ရေရှည်ကောင်းမွန်စေရန်နှင့် ရထားလမ်းများ တစ်လျှောက် သန့်ရှင်းသာယာရေးအတွက် အသိပညာပေးလုပ်ငန်းများကို နာမည်ကျော် ပုဂ္ဂိုလ်များနှင့်အတူ ပတ်ဝန်းကျင်နေ ပြည်သူများနှင့် ရထားစီးခရီးသွားပြည်သူများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် ကော်မတီဖွဲ့စည်းထားပြီး စီမံချက်ရေးဆွဲလျက်ရှိကြောင်း သိရသည်။
Jan 23, 2021
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မြစ်သားမြို့နယ် ကူမဲငါးလုပ်ငန်း စခန်းအနေဖြင့် ပြည်သူများအလွယ်တကူဖတ်ရှုနိုင်သော ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး ငါးစခန်း၏ မျက်နှာစာတွင် သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်နှိုးဆော်ချက် ပိုစတာစိုက်ထူခြင်းကို စခန်းတာဝန်ခံ ဦးစောအောင်ကိုလတ်နှင့်အတူ ဝန်ထမ်းများစုပေါင်း၍ ယနေ့နံနက်ပိုင်းတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
Jan 23, 2021
အစွန်းရောက်ဝါဒတိုက်ဖျက်ရေး လက်နက်ကိရိယာ တစ်ခုအဖြစ် အားကစား၏ တန်ဖိုးများ အသုံးချရေး ဆိုင်ရာ ပထမအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီ တွင် Virtual Meeting ဖြင့် ကျင်းပသည်။
Jan 23, 2021
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
Jan 23, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၄၇ ဦးအား နယူးဒေလီမြို့ရှိ မြန်မာသံရုံးမှစီစဉ်သည့် Air India လေကြောင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Jan 23, 2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပလိပ်ဒေသရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို နိုင်ငံတကာခရီးသွားများ စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုသည့် ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖြစ်ပေါ် လာစေရန် စနစ်တကျစီမံထိန်းသိမ်းဖော်ဆောင် ပေးစေလိုကြောင်း ပလိပ်မြို့ခံစာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာ မောင်ရဲနွေ(ပလိပ်)က ပြောသည်။
Jan 23, 2021
ပထမအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (1st ASEAN Digital Senior Officials’ Meeting - 1st ADGSOM) အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်မှ ၂၀ ရက်အထိ Virtual ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဆက်သွယ်ရေး) အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းဦးဆောင်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေနှင့် ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်သည်။
Jan 23, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် လမ်းပေါ်နေ ကလေးများ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNICEF (မြန်မာ)၊ SPPRG၊ TDHL၊ World Vision၊ Kinnected Myanmar တို့နှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် Virtual Meeting ဖြင့် ကျင်းပသည်။
Jan 23, 2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၄၉ ဒသမ ၇၉ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၄၉ ဒသမ ၈၁ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၉၉ ဒသမ ၆၀ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၆၅ ဒသမ ၈၄ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၅၉ ဒသမ ၄၄ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၂၅ ဒသမ ၂၈ သန်းဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ နိုဝင်ဘာလ အတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၅၂၄ ဒသမ ၈၈ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၃၂ သန်း ဖြစ်ပေါ်ခဲ့သည်။
Jan 23, 2021
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာအသင်း (Japan-Myanmar Association-JMA) တို့အကြား နယ်စပ်ဒေသ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 23, 2021
မြန်မာလွှတ်တော်နှင့် Hanns Seidel Foundation (HSF) တို့အကြား ချုပ်ဆို သည့် မြန်မာလွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) သက်တမ်းတိုးလက်မှတ်ရေးထိုးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Jan 23, 2021
ပတ်ဝန်းကျင်နှင့် သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 23, 2021
လက်ရှိအချိန်သည် မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ၊ ဝမ်းသာစရာ၊ မင်္ဂလာ ရှိသောအချိန်အခါ ဖြစ်သည်။ ၂၀၂၁ နှစ်သစ်အတွက်ကောင်းခြင်းမင်္ဂလာများနှင့် အစပြုလိုက်ပြီဟု ဆိုရမည်။ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရောက်ရှိလာမည်ဖြစ်ကြောင်း မင်္ဂလာသတင်းကောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဇန်နဝါရီလ ၂၁ ရက်နေ့က အသိပေးခဲ့ရာ များစွာဝမ်းမြောက်ကြမည် ဖြစ်သည်။
Jan 23, 2021
မြန်မာနိုင်ငံသို့ အိန္ဒိယလေကြောင်းဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်သန်းခွဲ ရောက်ရှိလာပြီ ဖြစ်၏။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ ပေးလှူသောကာကွယ်ဆေးဖြစ်ပါသည်။ ယခုရက်သတ္တပတ်တွင်း မှာပင်လူခုနစ်သန်းခွဲကို ဦးစားပေးအဆင့်အလိုက် ကာကွယ်ဆေး စတင်ထိုးနှံတော့မည်ဖြစ်၏။ နောက်ထပ် လာရန်ရှိသည့် ကာကွယ်ဆေးအစီအစဉ်များကလည်း ဆွေးနွေးပြင်ဆင်ထားပြီး ဖြစ်သည်ဟုလည်း သိရပါသည်။