Skip to main content

Jan 22, 2021

မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံ များအား အထောက်အကူပြုစေရန် ရည်ရွယ်ပြီး အိန္ဒိယအစိုးရက မြန်မာအစိုးရသို့ အိန္ဒိယ နိုင်ငံအခြေစိုက် Serum Institute of India (SII)ထုတ် ကာကွယ်ဆေး COVIDSHIELD (၁ ဒသမ ၅)သန်းကို ပထမအသုတ်အဖြစ် လှူဒါန်းခဲ့ရာ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် Air India လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာ ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်ကဏ္ဍအတွက် ပထမသုံးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ဒုတိယ၊ တတိယသုံးလပတ်တို့တွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်း စနစ်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

ဆေးပညာနှီးနွှယ် တက္ကသိုလ် (၇) ခု၏ နောက်ဆုံးနှစ် (၁/၂၀၂၀) (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် သင်ကြားရေးစနစ် ပိုမိုကောင်းမွန်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

(၂၁-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇,၆၉၉)ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၄၂၅) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

လားရှိုးမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် ဖွင့်လှစ်မည့် အမျိုးသမီးများ ပြန်လည်ထူထောင်ရေးသင်တန်းအတွက် လိုအပ်သောအထောက်အကူပြု ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ အဆိုပါဝန်ကြီးဌာနတွင် Virtual Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် ဖွင့်လှစ်ထားရှိသော COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) မြန်မာကျပ်ငွေစာရင်း OA 013733 နှင့် နိုင်ငံခြားငွေစာရင်း EDC 600012 တို့သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်အထိ ပြည်တွင်း/ ပြည်ပအလှူရှင်များမှ ထည့်ဝင်လှူဒါန်းလာသည့် ငွေစုစုပေါင်းမှာ ငွေကျပ် ၇,၆၅၄ ဒသမ ၄၈၃ သန်း နှင့်အမေရိကန်ဒေါ်လာ ၇၁,၅၂၈ ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

မလေးရှားနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပထမအကြိမ် အာဆီယံ ဒီဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့တွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့များအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

(၁၇)ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ) ဝန်ကြီးအဆင့် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တူရကီနိုင်ငံ အန်ကာရာမြို့၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေစာရင်းသို့ အလှူငွေများ လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ် အသုံးပြု၍ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)၊ မြန်မာနိုင်ငံ FAO-SLM စီမံကိန်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးဗဟိုဌာန (NCSA Center) တို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဆုံးဖြတ်ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ သတင်းရေးသား ထုတ်ပြန်ခဲ့မှုအပေါ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီတို့အား သက်ဆိုင်ရာ သတင်းထောက်(၂)ဦးမှ ပြန်လည်ရှင်းလင်းတောင်းပန်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စု အမှတ်(၂၂)စိုက်ကွင်း စွန့်လွှတ်မြေ(၄၅၁.၉၅)ဧကအား တောင်သူ(၁၅၂)ဦးထံသို့ ယာယီလုပ် ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇နာရီ၃၀မိနစ် အချိန်က မတ္တရာမြို့ အမှတ်(၂)ရပ်ကွက် ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

(၇၄) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက် (၁၀)နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ညွှန်ကြားရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၁ ခုနှစ် ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ကော်မတီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2021

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌနှင့် ဂျပန် အထက်လွှတ်တော်အမတ်ဟောင်း မစ္စတာ ဝါတာနာဘေးဟိဒဲအို ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံရာတွင် ဂျပန်-မြန်မာချစ်ကြည်ရေးအခမ်းအနားကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပသွားနိုင်ရေး စီစဉ်ထားရှိရာ နေပြည်တော်တွင် ကျင်းပနိုင်ရေးအခြေအနေတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်