Skip to main content

Jan 26, 2021

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်အတွက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက တိုင်းဒေကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2021

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွှားမှု လျော့နည်း ပပျောက်စေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအား အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၁)ကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက JICA ၏ အစီအစဉ် ဖြင့်ရေးဆွဲ သည့် ပဲခူးမြို့၊ မြို့ပြစီမံကိန်း (၂၀၄၀)ဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ် သည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2021

ဂျပန်- မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအဖြစ် ရန်ကုန်မြို့ ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဂျပန်- မြန်မာ ယဉ်ကျေးမှု ပွဲတော်ကို လာမည့် ဖေဖော်ဝါရီလဒုတိယပတ်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲမှ ရရှိငွေများကို မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်း သွားမည်ဖြစ်ကြောင်း ဂျပန်- မြန်မာ ပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2021

အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်ကော်မတီနှင့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ပထမ အကြိမ် မြန်မာကင်းထောက် ဆရာဖြစ်သင်တန်း (Woodbadge) ဖွင့်လှစ်နိုင်ရေး အွန်လိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2021

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည့် တတိယအကြိမ် လွှတ်တော် ပထမပုံမှန် အစည်းအဝေးများ တက်ရောက်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ် မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ တတိယအကြိမ်လွှတ်တော်အတွက် ယခင် ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်ပါဝင်လာသကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်အသစ်များလည်း ထပ်မံအရွေးချယ်ခံခဲ့ကြရသည်။ ယခုအခါ နေပြည်တော်သို့ ရောက်ရှိနေကြသည့် ပြည်သူ့အကျိုး ဆောင်ရွက်သယ်ပိုးကြမည့် တတိယအကြိမ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၏ ရင်တွင်းပြောကြားစကားသံများကို တွေ့ဆုံမေးမြန်းဖော်ပြလိုက်ရပါသည် -

ဆက်လက်ဖတ်ရှုရန်

Jan 26, 2021

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းခဲ့သည့် COVISHIELD ကိုဗစ်ကာကွယ်ဆေးများအား စနစ်တကျ သိုလှောင်ထားရှိမှု၊ နေရာအနှံ့ ကာကွယ်ဆေးထိုးနှံနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကာကွယ်ဆေးများ ပို့ဆောင်ပေးနေမှု၊ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းများ ပေးကာ လေ့ကျင့်ပေးနေမှုနှင့် ကာကွယ်ဆေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ပြည်သူများသိရှိနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2021

(၄) ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းများတွင် ခရီးသည်တစ်ဦးလျှင် အလုပ်အကိုင် လေးဦးခန့်ကို ဖန်တီးပေးနိုင်သဖြင့် ခရီးစဉ်များကို စီစဉ်ခြင်း၊ စားသောက်ဆိုင်၊ တည်းခိုခန်း၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်၊ ခရီးသွား ပို့ဆောင်မှုအစီအစဉ်များကို ပံ့ပိုးပေးခြင်း၊ ခရီးစဉ်အသစ်နှင့် အတွဲလိုက်ခရီးစဉ်စီစဉ်မှု (Package Tours) များကို ပြုလုပ်ပေးခြင်း၊ ခရီးစဉ်အသစ်များကို တိုးချဲ့စီစဉ်ခြင်း (New Destinations)၊ မြန်မာ့ လူနေမှုဘဝကို လေ့လာနိုင်သည့် အိမ်တွင်တည်းခိုခြင်း(Home Stay) နှင့် နေရာလပ်အိပ်ခန်းလွတ်များကို ဧည့်သည်များအား အင်တာနက်မှတစ်ဆင့် ငှားရမ်းခြင်း (Airbnb - Air Mattress bed and breakfast) ကဲ့သို့ ဆန်းသစ်သောနည်းများဖြင့် တည်းခိုနေရာများ ရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ ခရီးသွားအာမခံနှင့် အရေးပေါ်လူနာပို့ဆောင်မှုအစီအစဉ် (Medical Evacuation) များကို စီစဉ်ဆောင်ရွက်ပေးခြင်း စသည်တို့အပြင် ဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များဟာ လက်ရှိပူးပေါင်းဆောင်ရွက်မှုအပြင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာဖို့ သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရများနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်း ကျေးလက်ခရီးသွား လုပ်ငန်းများမှာလည်း လက်ရှိအသေးစား ကုန်တင်ယာဉ်များနဲ့ သွားလာနေမှုကနေ ပိုမိုဘေးကင်းပြီး စရိတ်သက်သာတဲ့ ကျေးလက် အခြေခံသယ်ယူပို့ဆောင်မှုစနစ်ကို လည်းဖော်ထုတ်သွားကြရမှာဖြစ်ပါတယ်။ သဘာဝ ခရီးသွားလုပ်ငန်း (eco-tourism) နဲ့ စွန့်စားလှုပ်ရှား ခရီးသွားကဏ္ဍ (Adventure tours, mountaineering, kayaking, hiking, jet-skiing, snorkeling, surfing, pleasure fishing etc.) စသည်များကိုလည်း အားပေးထူထောင်သွားရမှာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2021

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ်ရရှိပြီး စတင်ထိုးနှံတော့မည်။ နိုင်ငံတစ်ဝန်းတွင် ယခုကာလအတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်မှုများ ကျဆင်းလာသည်။ ကာကွယ်ဆေးလည်းရ၊ ရောဂါ ကူးစက်မှုလည်းကျသဖြင့် အတိုင်းထက်အလွန် ဝမ်းမြောက်ရ မလိုဖြစ်သည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန်ကပ်ရောဂါ ကမ္ဘာပေါ်မှ အပြီးတိုင် မထွက်ခွာ သွားသေးသည်ကို သတိချပ်ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2021

မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက် များ - ၂၀၂၀ (MNBC Code-2020) ကို ယခု ကျန်ခဲ့သည့်နှစ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြီး ရည်ညွှန်း ကိုးကား လိုက်နာ ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံးက ညွှန်ကြား ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2021

ပြန်ကြားရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2021

ကမ္ဘာ့နိုင်ငံ အားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) လုပ်ငန်းအဖွဲ့၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ အဆောက်အအုံ၌ ကျင်းပလျက်ရှိပြီး ယနေ့တွင် မြန်မာနိုင်ငံ၏ တတိယအကြိမ် UPR အစီရင်ခံ စာသုံးသပ်မှုပြုလုပ်ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2021

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံ များတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသင်္ဘောသားများအား ဆိုးလ် မြို့ရှိ မြန်မာ သံရုံးနှင့် မြန်မာသင်္ဘောသားများ အလှည့်ကျ ဝန်ထမ်းပြောင်းလဲခြင်း အကူအညီပေးရေး ကော်မတီ (CCSC) မှစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည် ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2021

ဂျပန်နိုင်ငံအစိုးရနှင့်ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဆေးဘက် ဆိုင်ရာ ပစ္စည်း ကိရိယာများထောက်ပံ့လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မော်ကွန်းတိုက်လမ်းရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲ မှု ဆိုင်ရာဌာန ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2021

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်း ပေးပို့ချက်အရ ဇန်နဝါရီ ၆ ရက်မှ ၂၃ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်‌သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ နတ်နန်း ကျေးရွာအုပ်စု၊ အရှေ့ဘက်(၃)မိုင်ခွဲခန့်အကွာမှ တရားမဝင် အင်/ကညင်သစ် (၃၃ ဒသမ ၃၃၂၀) တန်အားလည်းကောင်း၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ကလေးဝ ကားလမ်း၊ မိုင်တိုင်(၁၀/၄)တရော်ကျင်း ကျေးရွာအနီး (၆) ဘီးယာဉ်ပေါ် မှ တရားမဝင် ပိတောက်ချပ် (၀ ဒသမ ၉၅၅၀)တန်အားလည်းကောင်း ဖမ်းဆီးရ မိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2021

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာ၏၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် (ပထမအ ကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ၊ အဆိုပါ ဝန်ကြီး ဌာန သီရိရတနာခန်းမ၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ Virtual Online ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2021

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံ ဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် ဒုတိယဌာနေကိုယ်စားလှယ် Ms. Yukiko lriyama တို့အား ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီး ဌာန၊ အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2021

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့်အပါအဝင် ပြည်နယ်အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2021

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနတွင် အသုံးပြုရန် ပစ္စည်းများဝယ်ယူရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရန်အတွက် ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် သူနာပြုဆရာမများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်