Aug 24, 2021
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်၊ ဟောင်သရောမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ၁၃၀၀၀၀ မျိုးစိုက်ထည့်သော အခမ်းအနားသို့ တက်ရောက်သည်။
Aug 24, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ် ဆရာစံလမ်း၊ မြောက်မြင်းပြိုင် ကွင်းလမ်းနှင့် အနောက်မြင်းပြိုင်ကွင်းလမ်းဆုံသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ တာဝန်ယူခင်းနေသည့် ဧရိယာ ၈၀၀၂၈ စတုရန်းပေ၊ ထု ၁၁ လက်မရှိ လမ်းသားတင်ကွန်ကရစ် ခင်းနေမှုနှင့် ရေစီးရေလာ စီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသည့် ဆရာစံလမ်းတစ်လျှောက် လူသွားလမ်း ပလက်ဖောင်းအောက်ရှိ ရေမြေခြင်းများကို ရေစီးရေလာကောင်းမွန်စေရန် အမှိုက်များဆယ်ယူ ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Aug 24, 2021
မြို့နယ်အသီးသီးရှိ ဘုန်းတော် ကြီးကျောင်းများ၊ သာသနာ့ နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်း | များ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ် ရေးမြို့နယ် ပုပ္ပဝတီကျေးရွာရှိ ပုပ္ပရာမကျောင်း တိုက်၊ အစင်စံပြကျေးရွာရှိ သာသနာ့ဇောတိကကျောင်းတိုက်နှင့် ထန်းခြောက်ပင်ကျောင်း တိုက်များသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်၍ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အထောက်အကူပြု ဆေးဝါးများကို ဆက်ကပ်လှူဒါန်းကြ သည်။
Aug 24, 2021
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
Aug 24, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကရင် ပြည်နယ်၊ မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၈၂ ဦး၊ စုစုပေါင်း ၁၉၇ ဦး တို့ကို လက်ခံခဲ့သည်။
Aug 24, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
Aug 24, 2021
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Aug 24, 2021
မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၏စီစဉ်မှုဖြင့် ပြုလုပ်သော ဆေးဝါးများ လက်လီ/လက်ကား ရောင်းချသည့် အစီအစဉ် အရောင်းပြခန်း(၂)ကို ပန်းဘဲတန်း မြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
Aug 24, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်း များအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ် ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၂၃ ခုမှ Oral-Z Tablet 70Goi Nutrivit-C Tablet ၅၇၄ ခု Enocard 60 MG Injection Jugoi Tigevar Injection ၃၂၀၀၊ M-Noxa ၁၂၈၀၀၊ Zinc-C Chewable Tablets goooi Vitamin C+Zinc+ Vitamin D3 Tablets oogg 21 Vitamin C 5000 MG Tablets ၁၀၀၃၆ ခု၊ Nasal Cannula ၁၀၈၀၊
Aug 24, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 24, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
Aug 24, 2021
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့တစ်ဝန်းရှိ နိုင်ငံများတွင် အခက်အခဲအမျိုးမျိုးကြုံတွေ့ရလျက်ရှိပြီး စားရေးအခက်အခဲများနှင့် အခြေခံ အိမ်သုံးဆေးဝါး အခက်အခဲများကိုလည်း ရင်ဆိုင်ကြုံတွေ့လျက်ရှိကာ နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်း ဆောင်ရွက်လျက်ရှိသည်။
Aug 24, 2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းများကို နိုင်ငံအဝန်း၌ သက်ဆိုင်ရာ တာဝန်ရှိ သူများက ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 24, 2021
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာ့စီးပွားရေးဘဏ်က တပ်မတော် သားများ၏ ဆုကြေးငွေများကို တစ်ပတ်လျှင် ကျပ်ငါးသိန်းသာ ထုတ်ပေးနေကြောင်း မဟုတ်မမှန်ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) ချေးငွေ စိစစ်ကြီးကြပ်ကွပ်ကဲရေးဌာနခွဲ ဒုတိယအထွေထွေ မန်နေဂျာ ဒေါ်ဥမ္မာသန်းက ကာကွယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိသာမက အခြားအဆင့် ဝန်ထမ်းများ၏ အငြိမ်းစားဆုကြေးငွေကို ဇူလိုင်လ ၆ ရက်နေ့ကတည်းက အပြည့်အဝတစ်လုံးတစ်ခဲတည်း ထုတ်ပေးလျက်ရှိသလို ယခင်ခွင့်ပြုမိန့်ကျပြီးသည့် အငြိမ်းစား ဆုကြေးငွေတွေကိုလည်း ယခုအချိန်တွင် တစ်လုံးတစ်ခဲတည်း အပြည့်အဝ ထုတ်ပေးလျက် ရှိကြောင်း ယခုကဲ့သို့ ရှင်းလင်းဖြေကြားထားပါသည် -
Aug 24, 2021
မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းသည် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ကုသရေးဆိုင်ရာ ဆေးဝါး၊ ဆေးပစ္စည်းမျိုးစုံတို့ကို အများပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် တင်သွင်းသူများထံမှ တိုက်ရိုက်ဝယ်ယူရရှိနိုင်စေရန်အတွက်လည်းကောင်း၊ အရည်အသွေး စစ်မှန်၍ ယုံကြည်စိတ်ချရသော မှတ်ပုံတင်ရှိ ဆေးဝါး၊ ဆေးပစ္စည်းများကို တင်သွင်းသည့်
Aug 24, 2021
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ဝန်ကြီး(ဟောင်း)များ ဖြစ်ကြသော ဦးနေဝင်း၊ ဦးဇော်ဝင်း၊ ဦးဝေလင်း၊ ဦးဝင်းညွန့်တို့နှင့် ဆက်စပ်တာဝန်ရှိ ပုဂ္ဂိုလ်များအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။
Aug 24, 2021
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ 4th International Maritime Security Symposium (2021) အခမ်းအနားကို “လုံခြုံမှု၊ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် ယနေ့တွင် Hybrid Symposium (Online and Offline) စနစ်ဖြင့် ကျင်းပခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော တပ်မတော်(ရေ)မှ ကိုယ်စားလှယ် အရာရှိကြီးများ၊ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူး(ကြည်း၊ ရေ၊ လေ)တို့ တက်ရောက်ကြသည်။
Aug 24, 2021
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Aug 24, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
Aug 24, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသောကာလတွင် ပြည်သူများကြား၌ အိမ်သုံး ဆေးဝါး လိုအပ်ချက်များ မြင့်မားလာသည်ကို တွေ့ရသည်။ အခြေခံအိမ်သုံး ဆေးဝါးများနှင့် ဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးစွဲရသောဆေးဝါးများ ဝယ်ယူရာတွင် လူသုံးများ ရှားပါးသည့် နာမည်ကြီးဆေးဝါးများကို ဝယ်ယူရန် မလွယ်ကူဘဲ ဈေးနှုန်း အဆမတန်ကြီးမြင့်ပြီး ခက်ခက်ခဲခဲ ဝယ်ယူသုံးစွဲနေရသည်။ ဆေးဝါးပစ္စည်း သာမက အခြားကုန်ပစ္စည်းများတွင်ပါ ရှားပါးနေသော အခါ၌ ဈေးအဆမတန် တက်နေသည်မှာ အစဉ်အလာလိုဖြစ်နေသည်။ ။
