Aug 26, 2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့် ကေတုမတီ ငါးမွေးမြူရေးကုန်ထုတ် သမဝါယမအသင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
Aug 26, 2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၇၇ ဒသမ ၀၀၃ သန်းဖြင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာ-ဘုရားကုန်း လမ်းမကြီးမှ မဟာဖားဘောင် လှိုင်ဂူတော်အထိ ၁ မိုင် ၂ ဖာလုံအား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းနှင့် ပြည်ထောင်စုရန်ပုံငွေကျပ် ၆၉ ဒသမ ၆၂၇ သန်းဖြင့် ဆောင်ရွက်ခဲ့ သည်။
Aug 26, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
Aug 26, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Aug 26, 2021
NUG၊ CRPH အဖွဲ့တို့အား ထောက်ခံအားပေးသည့် အကြမ်းဖက်သူများ အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ပျက်ပြားစေရန် အဖျက်အမှောက် လုပ်ငန်းများလုပ်ဆောင်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပုံရိပ်ပျက်ပြားစေရန် နည်းမျိုးစုံအသုံးပြုကာ လုပ်ဆောင်လျက်ရှိသည်။
Aug 26, 2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့ ဖောင်စိန်ရပ်ကွက်၌ အောက်ဆီဂျင်အရည် စက်ရုံဖွင့်ပွဲကို ယနေ့ နံနက် ပိုင်းတွင် အဆိုပါစက်ရုံနေရာ၌ ပြုလုပ်ရာသံဖြူဇရပ်မြို့ မြို့လယ်ကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇောတိပါလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း နှင့် တာဝန်ရှိသူများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Aug 26, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
Aug 26, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေဘဲ အမြန်ဆုံးဝင်ရောက်နိုင်ရေးအတွက် လေကြောင်း၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူအလုပ် ပိတ်ရက်များတွင်လည်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။
Aug 26, 2021
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိမြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှ ဗဟိုဌာနအဆောက်အအုံ၌ ဒုတိယ အစီအစဉ်အဖြစ် အိမ်သုံးဆေးဝါး များ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်း အစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချ သောကုမ္ပဏီ ၂၀မှအိမ်သုံးဆေးဝါး ၁၇၉ မျိုးကို ရောင်းချပေးလျက် ရှိပြီး ငွေကျပ်သိန်း ၈၀ ကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ကို ရောင်းချခဲ့သည်။
Aug 26, 2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဩဂုတ် ၂၄ ရက် က ရှမ်းပြည်နယ်(တောင်ပိုင်း)ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း များ၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေး သည်။
Aug 26, 2021
ရမည်းသင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်း ပရိယတ္တိစာသင်တိုက် သာသနာ့ဗိမာန်၌ ကျင်းပသည်။
Aug 26, 2021
ဒုတိယအကြိမ် တရုတ်(လင်ချန်း) - မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေး နှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ ပြည်သူ့ အစိုးရတို့က ဦးဆောင်၍ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Aug 26, 2021
အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre) ကပေးအပ်မည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
Aug 26, 2021
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ဦးဆောင်ရေးဆွဲခဲ့သော မြန်မာနိုင်ငံစီးပွားရေး ပြန်လည် ဦးမော့စေရေးစီမံချက် (Myanmar Economic Recovery Plan- MERP) အပြီးသတ်ညှိနှိုင်းသည့် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Aug 26, 2021
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်း ဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိပါသည်။
Aug 26, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မတရားအသင်းသတ်မှတ်ထားသည့် CRPH နှင့် NU လက်အောက်ခံ အကြမ်းဖက်အဖွဲ့အစည်းများနှင့် အပေါင်းပါတို့အား ဥပဒေကြောင်းအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။ ယခု အခါ မြို့ရွာများတွင် ခိုအောင်းနေသော အကြမ်းဖက်အဖျက်သမား သောင်းကျန်း သူများနှင့် အားပေးအားမြှောက် ပါဝင်ပတ်သက်သူများကို ရှာဖွေဖော်ထုတ်ဖမ်းဆီး အရေးယူနေသည့် သတင်းများကို နေ့စဉ်မြင်တွေ့ကြားသိနေရသည်။
Aug 26, 2021
နိုင်ငံရေးအစွန်းရောက်မှုများက နိုင်ငံကို မည်မျှပျက်စီးစေနိုင် ကြောင်းကို ပစ္စုပ္ပန်ကာလ မိမိတို့ဖြတ်သန်း နေကြရသည့် သမိုင်းဝင် ဖြစ်ရပ်များတွင် တွေ့မြင်နိုင်သည်။ မိမိတို့နိုင်ငံသည် ဒီမိုကရေစီ သက်တမ်းနုသေးသည့် နိုင်ငံတစ်နိုင်ငံသာဖြစ်သည်။ နိုင်ငံဟူသည့် အနက်အဓိပ္ပာယ်တွင် နိုင်ငံသားမပါဘဲမပြည့်စုံ။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအဖို့ ဉာဏ်အမြော်အမြင်ရှိသော၊ မိမိကိုယ်ကိုယ် ထိန်းသိမ်း စောင့်စည်းတက်သော၊ စည်းကမ်းဥပဒေကို ရိုသေလေးစားလိုက်နာ တတ်သော၊ အညီအညွတ် ပူးပေါင်းဆောင်ရွက်တတ်သော၊ နိုးကြွ ထကြွလုံ့လနှင့် ပြည့်စုံသော နိုင်ငံသားများ အင်ပြည့်အားပြည့်ရှိနေဖို့ လိုအပ်သည်။
Aug 25, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက နေအိမ်အတွင်းသို့ ဖျက်ဆီးဝင်ရောက်ကာ အိမ်အတွင်း အိပ်ပျော်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဓားဖြင့်ထိုးကာ အမျိုးသမီးဝတ်ဆင်ထားသော ရွှေလက်ကောက် ၅ ကွင်းအား လုယက်ယူဆောင်သွားကြောင်း သိရသည်။
Aug 25, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
