နိုင်ငံဖွံ့ဖြိုးရေးတွင် လူသားအရင်းအမြစ် အရည်အသွေးမြင့်မားခြင်းသည် ရုပ်ဝတ္ထု အရင်းအမြစ်နှင့် ဓနအရင်းအမြစ်တို့ထက် ပို၍အရေးပါသည်ဟု ပညာရှင်များက အလေးအနက် လက်ခံထားကြသည်။ လူသားအရင်းအမြစ်ဆိုသည်မှာ နိုင်ငံအတွင်းရှိ လူများနှင့် ထိုသူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများ၊ စိတ်ဓာတ်ရေးရာ အခြေအနေများ၊ သဘောထား အယူအဆများကို လွှမ်းခြုံသတ်မှတ်ထားခြင်းပင် ဖြစ်သည်။ လူသားအရင်းအမြစ်ကို အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်စေပြီး အထိရောက်ဆုံး အသုံးချနိုင်သော နိုင်ငံများမှာ ဖွံ့ဖြိုးတိုးတက်လာ ကြသည်။ ။
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟူသည် ပြည်သူတို့၏ အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုအဆင့်အတန်း မြင့်မားရေး၊ ကာယဉာဏစွမ်းအား စိုက်ထုတ်နိုင်မှု၊ အလုပ်လုပ်နိုင်စွမ်းရှိမှုနှင့် အလုပ်လုပ်လိုစိတ်ရှိမှုတို့ မြင့်မားရေး၊ လူတို့၏ အတွေ့အကြုံ ဗဟု သုတများနှင့် စိတ်ဓာတ်ရေးရာ အခြေအနေများ တိုးတက်မြင့်မားရေးတို့ လွှမ်းခြုံပါဝင်သည့် လူသားတို့၏ အရည်အသွေး၊ အရည်အချင်းများ တိုးတက်မြင့်မားရေးပင် ဖြစ်သည်။ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးတွင် အဓိကအကျဆုံးဟု လူအများသိရှိလက်ခံထားသည့် လုပ်ငန်းများမှာ ပညာရေးနှင့် ကျန်းမာရေးတို့ပင်ဖြစ်သည်။ ပညာရေး အားကောင်းသည်နှင့်အမျှ ပြည်သူတို့၏ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်မှုတို့ အဆင့်မြင့်မားမည်ဖြစ်ပြီး ကျန်းမာရေးကောင်းသည် နှင့်အမျှ ပြည်သူတို့၏ ကာယဉာဏစွမ်းအား၊ အလုပ်လုပ်နိုင်သည့် စွမ်းရည်တို့ မြင့်မားလာမည် ဖြစ်သည်။ နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာ ကြွယ်ဝစေရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သဖြင့် ပညာရေးကို အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အခြေခံ ဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်ဟု ပါဝင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ မိမိတို့ဒေသအလိုက် ပြည်သူများ၏ ပညာရည်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ စီမံဆောင်ရွက်ရန် လိုကြောင်း” ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့သည်။
ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖို့ နိုင်ငံသားတိုင်း အသိပညာ အတတ်ပညာ ကြွယ်ဝရေးသည် နိုင်ငံ၏ စီးပွားရေး၊ လူမှုဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရေးတို့တွင် အခြေခံအကျဆုံးသော လိုအပ်ချက်တစ်ရပ်ပင်ဖြစ်သည်။ ထို့အပြင် ပညာတတ် လူ့အဖွဲ့အစည်း အားကောင်းပါက နိုင်ငံ၏ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံသားများ အပြည့်အဝ ပါဝင်နိုင်စေပြီး ဒီမိုကရေစီကိုလည်း ပိုမိုအားကောင်းစေသည်။ သို့ရာတွင် နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းတို့ နေထိုင်လျက်ရှိကြသည့် ကျေးလက်ဒေသများရှိ ကျောင်းအများစုတို့မှာ စာသင်ကျောင်း၏ ဥပဓိရုပ်များကောင်းမွန်မှု မရှိခြင်း၊ ဆရာ ဆရာမများ လုံလောက်မှုမရှိခြင်း၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှု မရှိခြင်း စသည်ဖြင့် ကျောင်းများ၏ အရည်အသွေးများကို မြှင့်တင်ပေးရန် လိုအပ်လျက် ရှိသည်။
မိမိတို့နိုင်ငံသည် ပညာတတ်များ ပေါကြွယ်ဝရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရသကဲ့သို့ ဆင်းရဲမွဲတေမှုများကို လျှော့ချနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ “ပညာရည် နိမ့်ကျခြင်း”၊ “ဝင်ငွေ နည်းပါးခြင်း”နှင့် “ဆင်းရဲမွဲတေခြင်း” တို့မှာ ကရွတ်ကင်းလျှက် သံသရာလည်ပတ်သည့် သဘောရှိရာ အခြေခံအကျဆုံးဖြစ်သော ပညာတတ် ပေါကြွယ်ဝစေရေးကို ဆောင်ရွက်နိုင်သည် နှင့်အမျှ ဆင်းရဲမွဲတေမိမိတို့နိုင်ငံသည် ပညာတတ်များ ပေါကြွယ်ဝရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေရသကဲ့သို့ ဆင်းရဲမွဲတေမှုများကို လျှော့ချနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ “ပညာရည် နိမ့်ကျခြင်း”၊ “ဝင်ငွေနည်းပါးခြင်း”နှင့် “ဆင်းရဲမွဲတေခြင်း” တို့မှာ ကရွတ်ကင်းလျှက် သံသရာလည်ပတ်သည့် သဘောရှိရာ အခြေခံအကျဆုံးဖြစ်သော ပညာတတ် ပေါကြွယ်ဝ စေရေးကို ဆောင်ရွက်နိုင်သည်နှင့်အမျှ ဆင်းရဲမွဲတေမှု သံသရာမှ လွတ်မြောက်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။