Skip to main content

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂၈

မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပုန်းထွန် ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်း ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်ရှိ မဟာရွှေမင်္ဂလာ ကျောင်းတိုက်၊ ဒလမြို့နယ်၊ ဓနုတ်စံပြ ကျေးရွာရှိ ဓနုတ် ကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ မဟာဓမ္မိကာရာမတိုက်၊ နံ့သာမြိုင်ဗိုလ်ကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များ အား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နဝကမ္မ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ သုခဝိဟာရကန်မိန်း ကျောင်းတိုက်၊ တာပုံကျောင်းတိုက်၊ မြို့မပရိယတ္တိ စာသင်တိုက်နှင့် ပန်အုပ်ပရိယတ္တိ စာသင်တိုက်များရှိ သံဃာတော်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉  ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ အေးရိပ်မွန် မိဘမဲ့အမျိုးသမီးစောင့်ရှောက်ရေး ဂေဟာရှိ ကလေးငယ်များ၊ ဘိုးသွားရိပ်သာရှိ သက်ကြီး ဘိုးဘွားများနှင့် ဝန်ထမ်းများအတွက် ဆေးဝါးများ၊ ဆန်၊ ပဲ၊ စားသောက်ကုန်ပစ္စည်းများနှင့် အလှူငွေများအား ယနေ့တွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ ကလေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်