Skip to main content

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (၁၄)ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်

နေပြည်တော် ဩဂုတ် ၂၉

 

မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း(MICPA)၏ (၁၄)ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယနေ့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ Virtual System ဖြင့်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာကံဇော်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်)မှ တက်ရောက်သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်း ကိုင်များ အသင်းနာယက၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာကံဇော်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေး သဘာပတိ၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း နာယက ဦးဝင်းသင်နှင့် မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌ ဦးဝမ်းတင်တို့က အမှာစကား ပြောကြားပြီး အသင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း အလုပ်အမှုဆောင် အဖွဲ့၏ ၂၀၁၉-၂၀၂၀ ပြည့်နှစ် နှစ်ပတ်လည် အစီရင်ခံစာကို ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်က ဖတ်ကြားတင်ပြပြီး ဘဏ္ဍာရေးရှင်းတမ်းများကို အဖွဲ့ဝင် ဒေါ်ရင်ကြည်နှင့် စာရင်းစစ်အစီရင်ခံစာ

ကို ပြင်ပစာရင်းစစ် ဒေါ်မြင့်မြင့်က ဖတ်ကြားတင်ပြသည်။

မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း (MICPA) ၏ (၁၄)ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် နှစ်ပတ်လည်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် စာရင်းစစ် အစီရင်ခံစာတို့ကို အတည်ပြုခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ် ခန့်အပ်အတည်ပြုခြင်း၊ ၂၀၂၁ - ၂၀၂ နှစ်များအတွက် အလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၂၄ ဦး ဖြင့် ပြန်လည်ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မြန်မာ့စီးပွားရေး နယ်ပယ်တွင် စာရင်းကိုင်ပညာဆိုင်ရာ လုပ်ငန်းများကို နိုင်ငံ တကာစံများနှင့်အညီ ရပ်တည်ဆောင်ရွက်နိုင်ရေး၊ စာရင်းပညာရှင်များ၏ အရေအတွက်သာမက အရည်အချင်းနှင့် အရည်အသွေး မြှင့်တင်နိုင်ရေး၊ ASEAN Free Flow of Profession 329 300380 အဆင့်နှင့် နိုင်ငံတကာအဆင့် ယှဉ်ပြိုင်ရင်ဘောင်တန်းနိုင်ရေးအတွက် နိုင်ငံတော်၏ အားပေးမှု၊ | ကူညီပံ့ပိုးမှုများနှင့်အတူ မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းတို့က တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

သတင်းစဉ်