Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှလွယ်ကူ လျင်မြန်စွာ တင်သွင်း နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၃

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်း များမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ မြဝတီနှင့် ချင်းရွှေဟော်နယ် စပ်ကုန်သွယ်ရေးစခန်း (၃)ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၅) ခုမှ ယာဉ် စီးရေ (၁၀) စီးဖြင့် အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser ယာဉ် (၁) စီးဖြင့်တန် (၂၀) ၊ အောက်ဆီဂျင် (အိုးခွံ) (၃၄၆၀)၊ Oxygen Plant (၁)ခု၊ အိမ်သုံး Oxygen Concentrator (၁၀၅) ခုနှင့် နှာခေါင်းစည်း (Mask) (၄၃) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(ဓာတ်ငွေ့) Bowser ယာဉ် (၁) စီးမှာ ပဲခူးမြို့သို့ဖြစ်ပြီး Oxygen Plant (၁)ခုမှာ မူဆယ်မှ ဟားခါးမြို့သို့(၁)ခု ဖြစ်ကြောင်း သိရသည်။

           

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကိုပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေး ကြန့်ကြာမှုမရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အနေဖြင့် သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက် ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူ သိရှိ စေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mmတွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

 

 (သတင်းစဉ်)