Skip to main content

အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် စက်တင်ဘာ ၂၂

အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးအမှတ်စဉ် (/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးချစ်နိုင်၊ ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊  ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဒေါက်တာ ဌေးအောင်၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်တို့  တက်ရောက်ကြပြီး ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ များက Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြား ရာတွင် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေး အမှတ်စဉ် (/၂၀၂၁)တွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ () အမျိုးသား စီမံကိန်း ဥပဒေကိုပြဋ္ဌာန်းနိုင်ရေးအတွက် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် ဆွေးနွေးညှိနှိုင်း အတည်ပြုကြရ မည်ဖြစ်ကြောင်း။

ယခင်က ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလမှ စက်တင်ဘာလထိ သတ်မှတ်ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေး နှစ်ကို ဧပြီလမှ မတ်လအထိ ပြောင်းလဲ သတ်မှတ်ဆောင် ရွက်မည်ဖြစ်သည့်အတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လထိ  ကြားကာလ () အမျိုးသားစီမံကိန်းဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ရေးဆွဲ ဆောင် ရွက်ရခြင်း ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့တွင် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို စတင်တာဝန်ယူခဲ့ရခြင်းဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် () ရပ်၊ ဦးတည်ချက် ()ရပ်တို့ကို မူဝါဒအဖြစ်ချမှတ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆင်းနေ သည့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်ဦးမော့ပြီး သွက်လက်မြန်ဆန်လာစေရေးအတွက် အတတ်နိုင်ဆုံး အထူးအလေး ထားဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းများစွာကျန်ရှိသေးသည်ကို ပြောကြားလိုကြောင်း။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) 2015-2030 ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတည်ပြုခဲ့ကြကြောင်း၊ SDGs ရည်မှန်းချက်များ ပြည့်မီရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်း ကဏ္ဍအလိုက်နှင့် ဒေသအလိုက် စီမံကိန်းများတွင် ချိတ်ဆက်၍ အကောင်အထည်ဖော်နိုင်ရေးကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် SDGs အကောင်အထည် ဖော် ဆောင်ရွက်မှုနှင့်ပတ်သက်သည့် အစီရင်ခံစာကို ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးဌာနသို့ အချိန်မီပေးပို့ခဲ့သည်ကိုသိရကြောင်း၊ ထို့အပြင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ရမယ့် ကိစ္စရပ်များကိုလည်း ဆောင်ရွက်ခဲ့သကဲ့သို့ LDC နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် သတ်မှတ်ထားသည့် စံနှုန်းများဆက်လက်ပြည့်မီရေးကိုလည်း စီမံကိန်းများ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်သည်ဟု မှာကြားလိုကြောင်း။

မိမိတို့ အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူအားလုံး၏ စားဝတ်နေမှုဖူလုံရေး၊ ကျေးလက်ဒေသနှင့် မြို့ပြဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းရေးနှင့် ဆင်းရဲမှုလျှော့ချနိုင်ရေး တို့ကိုဦးစားပေးဆောင် ရွက်လျက်ရှိရာ သက်ဆိုင်ရာကဏ္ဍအလိုက်၊ ဒေသအလိုက် တာဝန်ယူဆောင်ရွက်နေကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များအနေဖြင့် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို ကြည့်မည်ဆိုပါက တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများရေးကို ရှေးရှုဆောင်ရွက်ထား သည်ကိုလည်း တွေ့ရှိနိုင်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ စီးပွားရေးအခြေအနေကို ပြန်လည်သုံးသပ်ရမည်ဆိုပါက ၂၀၂၀ ပြည့် နှစ်၊ မတ်လတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ခရီးသွားလုပ်ငန်းအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် အချို့သော ကုန်ထုတ်လုပ်မှု လုပ်ငန်းများရပ်ဆိုင်းခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းခြင်း ဖြစ်ပေါ်ခဲ့သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တတိယ () လပတ်မှ စတင်ကာ နိုင်ငံ၏စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်လာခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ () လပတ် အထိ စီးပွားရေးအခြေ အနေ ဆက်လက်ကျဆင်းလျက်ရှိသည်ကို သုံးသပ်ပြောကြားလိုကြောင်း၊ ယခု () အမျိုးသား စီမံကိန်းသည် နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ပြီး ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုရန်  ရည်ရွယ်ပါကြောင်း၊ ထို့ကြောင့် ယခု () စီမံကိန်းကာလတွင် ကဏ္ဍအလိုက်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လျာထားခဲ့သည့် ရည်မှန်းချက်များ ပြည့်မီရေးကို အထူးကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပြီး ထိုသို့ ဆောင်ရွက်မှသာလျင် ကာလတိုအတွင်း လျှင်မြန်ထိရောက်သည့်ရလဒ် (Quick Win)ကို ရရှိမည်ဖြစ် ကြောင်း။

မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ကျေးလက်နေ ပြည်သူများသည် စိုက်ပျိုးမွေးမြူရေးကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြသူများဖြစ်ကြကြောင်း၊ ၎င်းတို့ ဝင်ငွေရရှိရေးအတွက် အထောက်အကူဖြစ် စေရန် လိုအပ်သည့်သွင်းအားစုများ လုံလောက်စွာရရှိရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေများရရှိရေးတို့ကို အလေးထား ဆောင်ရွက်ပေး ကြရန် မှာကြားလိုပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံတစ်ခု သည် စိုက်ပျိုးရေလုံလောက်မှု၊ ဓာတ်မြေဩဇာနှင့် အထွက်ကောင်းသည့် မျိုးများရရှိနိုင်မှု၊ တိရိစ္ဆာန်အစားအစာရရှိမှု၊ပိုးသတ်ဆေးများ၊ ကာကွယ်ကုသဆေးများ မဖြစ်မနေလိုအပ်ချက် ရှိသည်ကိုနားလည်ပြီး လိုအပ်ချက်များပြည့်စုံစေရေးအတွက် စီမံချက်ချ ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ရာသီဥတုနှင့် လိုက်လျော ညီထွေမှုရှိသည့် ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ခေတ်မီကောင်းမွန်သည့် စိုက်ပျိုးရေးနည်း စနစ်များနှင့် နည်းပညာများ၊ စက်ယန္တရားများ၊  သီးနှံပိုးမွှားအန္တရာယ် ကာကွယ်ရေးအစီအစဉ်များ၊ အဆင့်မြင့်လယ်ယာ  အကောင်အထည်ဖော်နိုင်ရန်အတွက်  ကြိုးပမ်းကြရ မည်ဖြစ်ပါကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ရေးအတွက်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အင်ဂျင်နီယာပညာရှင်များ၊ ကျွမ်းကျင်သူများကိုလည်း အဆက်မပြတ် မွေးထုတ် ပေးနိုင်ရ  မည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း စားနပ်ရိက္ခာဘေးကင်းမှုအတွက် ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲမှု  မရှိစေရေးနှင့် အော်ဂဲနစ်စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းစေရေးကို နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ရန်လိုပါကြောင်း။

မွေးမြူရေးကဏ္ဍတွင်လည်း မွေးမြူရေးဇုန်များ ဖော်ထုတ်ပေးခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်များအတွင်း ငါးသားပေါက်များ စိုက်ထည့်ခြင်း၊ တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ငန်းများအတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ ခေတ်နှင့်လျော်ညီသည့် မွေးမြူရေးစနစ်များ ဖြစ်စေရေး ကူညီပေးခြင်းနှင့် တိရစ္ဆာန်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်း စသည်ဖြင့် မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ပြီး ပြည်ပကိုပိုမိုတင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော်ဝင်ငွေ တိုးတက်ရရှိနိုင်မည် ဖြစ်ပါကြောင်း။

စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရာတွင် ဆောင်ရွက်နိုင်သည့်အခြေအနေ တူညီနိုင်မည် မဟုတ်ကြောင်း၊ အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အားသာချက်များရှိနိုင်ပြီး အချို့သည် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် အားသာချက် ရှိနိုင်ပါကြောင်း၊ မိမိတို့ရရှိဆောင်ရွက်နိုင်သည့် အားသာချက်အခြေအနေများအပေါ် အခွင့်အလမ်းအဖြစ် အသုံးချပြီး မိမိတို့ဒေသ၏ စီးပွားရေးကို တိုးတက်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့်  ပြည်နယ်များအနေဖြင့် မိမိတို့ ဒေသအလိုက် အားသာချက်ရှိသည့် ထုတ်ကုန်များကို ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product-OVOP) ထုတ်လုပ်နိုင်ရန် ကြိုးစားကြရန်လိုအပ်ပြီး မိမိတို့ဒေသရှိ အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် တစ်နိုင် တစ်ပိုင် မိသားစုလုပ်ငန်းများရှင်သန်ဖွံ့ဖြိုးအောင် အားပေးမြှင့်တင်ခြင်းဖြင့် ဝင်ငွေများတိုးတက် ရရှိစေမည် ဖြစ်ပါကြောင်း။

ပြည်ပတွင် သွားရောက်လုပ်ကိုင်ရာမှ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မိမိတို့ပြည်သူ များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးပြီး ဝင်ငွေရရှိရေး ဆောင်ရွက်ပေးရန်လို အပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းကြောင့် တိုင်းပြည်၏ လုပ်သားအရင်းအမြစ်များ ပြည်ပသို့ရောက်ရှိခြင်း လျော့နည်းသွားမည်ဖြစ်သကဲ့သို့ ပြည်တွင်းရှိ လုပ်ငန်းများကိုလည်း အထောက်အကူရရှိစေ မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံ များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် စက်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရေးတို့ကို ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ပြည်ပမှ သွင်းကုန်များ တင်သွင်းရခြင်းကြောင့် နိုင်ငံခြားငွေများကို အမြောက်အမြား သုံးစွဲနေရသဖြင့် ပြည်ပသွင်းကုန် အစားထိုးနိုင်ရေးအတွက် ပြည်တွင်းထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ၂၀၁၀ -၂၀၁၁ ခုနှစ်တွင် ဝါစိုက်ပျိုးမှု ဧက သိန်းကျော်အထိရှိခဲ့ကြောင်း၊ ဝါအထွက်နှုန်း မကောင်း ခြင်းသည် စီးပွားရေးအရတွက်ခြေမကိုက်မှုကိုဖြစ်ပေါ်စေပြီး ဝါစိုက်ပျိုးမှုမှတဆင့် ပြည်တွင်း ချည်ထည် ထုတ်လုပ်မှု supply chain ကိုလျော့သွားကြောင်း၊ မြေယာမူဝါဒနှင့်အညီ ဝါစိုက်ဧက သိန်းပြည့်မီအောင်စိုက်ပျိုးပြီး ဝါအထွက်နှုန်း တစ်ဧကလျှင် ပိဿာ ၈၀၀ မှ ပိဿာ ၁၀၀၀ အထိရရှိအောင်ကြိုးစားဆောင်ရွက်နိုင်မည်ဆိုပါက ဝါကိုအခြေခံသည့် ပြည်တွင်းချည်ထည် စက်မှုလုပ်ငန်းများ စွာကို ဖွံ့ဖြိုးစေမည်ဖြစ်ပြီး ဝါနှင့်ဝါထွက်ပို့ကုန်များကလည်း ဝင်ငွေများစွာ ရရှိစေမည်ဖြစ်ကြောင်း၊ အလားတူ စားသုံးဆီနှင့် လောင်စာဆီ မလုံလောက်မှုများကြောင့် တန်ချိန်များစွာကို ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲတင်သွင်းနေရသကဲ့သို့ စိုက်ပျိုးရေးအတွက် လိုအပ်သည့် ဓာတ်မြေဩဇာလိုအပ်ချက်များကိုလည်း ပြည်ပမှ တင်သွင်းနေရပါကြောင်း၊ မိမိတို့တွင် ရေ၊ မြေ သဘာဝ အရင်းအမြစ်ကောင်းများစွာရှိပြီး သဘာဝဓာတ်ငွေ့ ထိုက်သင့် သလောက်ထွက်ရှိကြောင်း၊ ထို့ကြောင့် ဆီအုန်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုတ်၊ ပြောင်း၊ မြေပဲ၊ နှမ်း စသည့် ထုတ်ကုန်များမှ ပြည်တွင်းဆီဖူလုံရေး အပြည့်အဝဆောင်ရွက်နိုင်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့ကို များစွာကျခံသုံးစွဲနေရပြီး ဒီဇယ်ဆီများကို ပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းများတွင် များစွာသုံးစွဲနေရပါကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားနှင့် ဆိုလာလျှပ်စစ်မီးလုပ် ငန်းများမှ အဓိကထား ဆောင်ရွက်ခြင်းဖြင့် သဘာဝဓာတ်ငွေ့ကို ဓာတ်မြေဩဇာ ထုတ်လုပ်ရေးနှင့် စက်မှုလုပ်ငန်း များတွင် ပိုမိုအသုံးချနိုင်ပါကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များမှ တိရိစ္ဆာန်အစာများ ပြည်တွင်းတွင် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှ သွင်းကုန်များကို လျှော့ချနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ ချက်ပြုက်ရေးတွင် သုံးစွဲနေသည့် ထင်း၊ မီးသွေး သုံးစွဲမှုကို လျှော့ချရမည်ဖြစ်ပြီး လျှပ်စစ်မော်တော်ကား ထုတ်လုပ်သုံးစွဲခြင်း၊ လျှပ်စစ်ရထားလမ်းများ တိုးချဲ့ခြင်းများဖြင့် လောင်စာကုန် ကျမှုကို လျှော့ချရမည်ဖြစ် ကြောင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ကျစေပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အထောက်အကူပြုရ မည်ဖြစ်ပြီး ထိုသို့လုပ်ငန်းများလုပ်ဆောင်ရေးအတွက် ပြည်တွင်း ပြည်ပရင်းနှီးမြှပ်နှံ သူများကိုလည်း ဖိတ်ခေါ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ပြည်ပပို့ကုန်များ တိုးတက်တင် ပို့နိုင်ရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products) ထုတ်လုပ်နိုင်ရန်ကြိုးပမ်း ဆောင်ရွက်သွားခြင်းဖြင့် ကုန်သွယ်မှုလိုငွေ (Trade Deficit) ကို လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ၎င်းအရင်း အမြစ်များအပေါ်တွင် အခြေခံသည့် စက်မှုလုပ်ငန်းများ မလွဲမသွေလုပ်ဆောင်ရန် လိုအပ်မည် ဖြစ်ပြီး အထက်ပါလုပ်ငန်း ခုကို အဓိက မြှင့်တင်ပေးမည်ဆိုပါက တိုင်းပြည်၏ စီးပွားရေး မလွဲမသွေ ဦးမော့လာမည်ဖြစ်ကြောင်း။

လာမည့်()လတာ စီမံကိန်းကာလသည် ပွင့်လင်းရာသီဖြစ်သည့်အတွက် စက်မှုကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အား ကဏ္ဍများအနေဖြင့် စီမံကိန်းရည်မှန်းချက်ပါ တည်ဆောက်ဆဲလုပ်ငန်းများ ပြီးပြတ်စေရေးနှင့် လုပ်ငန်းစီမံကိန်းသစ်များကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများကို နိုင်ငံတော်ဘဏ္ဍာ ငွေဖြင့်သာမက ချေးငွေများဖြင့်ပါ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သောကြောင့် အလေအလွင့်မရှိဘဲ ထိရောက်စွာဖြင့် သတ်မှတ်ချိန် အတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း၊ ယခု () စီမံကိန်းကာလတွင် တည်ဆောက်ရေးနှင့် ပစ္စည်း  ဝယ်ယူရေး လုပ်ငန်းများကို မဖြစ်မနေ လိုအပ်မှသာလျင် ဆောင်ရွက်ကြပြီး ဘဏ္ဍာငွေ ခြိုးခြံ ချွေတာရေးကို အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public-Private-Partnership) လုပ်ငန်း အစီအစဉ်များကို ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း။

ကျေးလက်နှင့် မြို့ပြကွာခြားမှု လျှော့ချရေးအတွက် ကျေးလက်စီးပွားရေးမြှင့်တင်ရ မည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝမြင့်မားတိုးတက်ရေးအတွက် ကျေးရွာများ မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ ကျေးရွာကုန်ထုတ်လမ်းများ ဖောက်လုပ် ရေးတို့သည် အရေးကြီးပြီး မီးရရှိရေးအတွက် နေရောင်ခြည်သုံး စွမ်းအင်ဆိုလာသုံးစွဲနိုင်ရေး တိုးမြှင့်ဆောင်ရွက် သွားစေလိုကြောင်း၊ ကျေးလက်စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက် ရေးအတွက် ပြည်သူများ တိုက်ရိုက်ပါဝင်သည့် သမဝါယမစနစ်နှင့် ထိရောက်စွာ လုပ်ဆောင် ရမည်ဖြစ်ကြောင်း။

လူမှုရေးကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများတွင်လည်း အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှု များပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍမှာ ဘာသာ ရပ် ဆိုင်ရာ အသိပညာရှင်များ၊ အတတ်ပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် ဆရာ၊ ဆရာမ များ အရည်အသွေး ပြည့်ဝစေရေးနှင့် အရည်အသွေး ပြည့်ဝသည့် ပညာရေးစနစ် တိုးတက် ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ် ကုသရေးနှင့် ဆေးဝါးထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆက်စပ်နှီးနွှယ်ရာဌာနများ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကျန်းမာသန်စွမ်းမှ အလုပ်လုပ်နိုင်မည်ဖြစ် သည့်အတွက် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေးအတွက် မြန်မာ့အားကစားအပါအဝင် အားကစားကို စိတ်ဝင်စားသည့် အလေ့အကျင့် ကောင်းများ ဖြစ်ပေါ်ရေးကို အားပေးမြှင့်တင်ပေးကြရန် မှာကြားလိုပါကြောင်း။

မြန်မာနိုင်ငံသည် အခြားနိုင်ငံများနည်းတူ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများဖြစ်သည့် ရေကြီးရေလျှံမှု၊ မိုးခေါင်မှုဒဏ်ကို ခံစားရသောကြောင့် ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်း၊ အချိန်နှင့်တစ်ပြေးညီ ကူညီကယ် ဆယ်ရေး လုပ်ငန်း များကို အစီအမံချမှတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဥပမာအားဖြင့်- ကြိုးဝိုင်းသစ်တောများ၊ သဘာဝသစ်တောများ ထိန်းသိမ်းခြင်းကို အလေးပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ တက်ညီလက်ညီနှင့် ကြိုးစားအားထုတ်လုပ်ဆောင်မည်ဆိုပါက အာဆီယံတွင် အလယ်အလတ် အဆင့်ရှိ နိုင်ငံအဖြစ် နှစ်အတွင်းရောက်နိုင်မည်ဖြစ်ပြီး ၁၀ နှစ်အတွင်းတွင်  အာဆီယံထိပ်တ န်းနိုင်ငံအဖြစ်ရောက်နိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပြီး လူသားအရင်း အမြစ်များ၊ စုစည်းညီညွတ်သည့် စိတ်ဓာတ်များ၊ မြေပေါ်၊ မြေအောက် သယံဇာတများကို ပေါင်းစည်း အသုံးပြုနိုင်မည်ဆိုပါက မဖြစ်နိုင်စရာ အကြောင်းမရှိ ကြောင်း။

ယခု () စီမံကိန်းကာလတွင် ကဏ္ဍအလိုက်နှင့် ဒေသအလိုက် ချမှတ်ထားသည့် စီမံကိန်း၏ မူလရည်မှန်းချက်များကို အနီးစပ်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အားလုံးကဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်စီးဝင်စေရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပို့ကုန်တိုးတက် တင်ပို့နိုင်ရေးနှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကိုလည်း အထူးဂရုပြု၍ ဆောင်ရွက် သွားရ မည်ဖြစ်ပါကြောင်း၊ ရည်မှန်းချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ ကွာဟချက် ကြီးမားမှု မရှိစေရေးအတွက် အားလုံးက အလေးထားဆောင်ရွက်ကြရန်လိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ()ရပ်၊ ဦးတည်ချက် () ရပ်တို့နှင့်အညီ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မတ်လထိ () လအတွင်း စီမံကိန်းပါ ရည်မှန်းချက်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စီမံကိန်းကာလသည် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်မှုများ ရှိခဲ့သည့်ကာလဖြစ်သည့်အတွက် ဝန်ကြီးဌာနအလိုက်၊ ဒေသအလိုက် အကောင်အထည် ဖော်ရန် ရေးဆွဲထားသည့် စီမံကိန်းလုပ်ငန်းများ အောင်မြင်မှုရရှိရန် ဆောင်ရွက်မည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်()ရပ်၊ ဦးတည်ချက် ()ချက်တို့နှင့်အညီ စီမံကိန်းလုပ်ငန်းများနှင့် ရည်မှန်းချက်များ ရေးဆွဲ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စီမံကိန်းကာလ ()လအတွင်း နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုရရှိရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းရေးဆွဲထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ရမည့်အခြေအနေများ၊ နိုင်ငံတော် ဘဏ္ဍာငွေ၊ ချေးငွေ၊ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ရသည့်အတွက် အလေအလွင့်မရှိစေ ရေးဆောင်ရွက်ရမည့် အခြေအနေများ၊  စီမံကိန်း လုပ်ငန်းများဆောင်ရွက်မှုကို မှတ်တမ်းထား ရှိရေးနှင့် လုပ်ငန်းပြီးစီးပါက အကျိုးပြုမှု လေ့လာ မှတ်တမ်းထားရှိရေး၊ လုပ်ငန်းဆောင် ရွက်မှုများ နှင့်စပ်လျဉ်း၍ တွေ့ကြုံရသည့် အခက်အခဲများကို ဖော်ထုတ်သင်ခန်းစာရယူရေး၊ စီမံကိန်းများ ရည်မှန်ချက်များ အောင်မြင်ရေးအတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။

ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် () အမျိုးသားစီမံကိန်း (အဆိုပြုမူကြမ်း) ရေးဆွဲဆောင်ရွက်ထားရှိမှုနှင့် နိုင်ငံတော်၏ ပြည်ပချေးငွေဆိုင်ရာ သုံးသပ်ချက်နှင့် အခွန်ကောက်မှုဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့က သက်ဆိုင် ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍအလိုက် စီမံကိန်းများရေးဆွဲ ဆောင်ရွက်ထားရှိမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးတင်ပြချက် များနှင့်စပ်လျဉ်း၍ သဘာပတ်ဝန်းကျင်၊ သယံဇာတများ သဘာ၀ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ မသမာမှုများကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းသုံး သစ်ထုတ်လုပ်မှုအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် သက်တမ်းရှိသစ်များကို စည်းမျဉ်းစည်းကမ်းများနှင့် ထုတ်လုပ်ရန်လိုကြောင်း၊ သစ်ခိုးမှုနှင့် တရားမဝင်သစ်စက်များ ပပျောက်စေရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက အလေးထားကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။

အခွန်ကိစ္စနှင့်စပ်လျဉ်း၍ အစိုးရတစ်ရပ်သည် အခွန်ပေါ်တွင်ရပ်တည်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် အခွန်တိုးမြှင့်ကောက်ခံခြင်းထက် အခွန်ထမ်းပြည်သူများ တိုးတက်လာရေးအတွက် ကြိုးစား ဆောင်ရွက် သွားရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလဖြစ်သည့်အတွက် အခွန်ငွေရရှိမှုလျော့နည်းပြီး အခွန်လျှော့ချပေးရမှု များလည်းရှိကြောင်း၊ အခွန်ကောက်ခံမှုမရရှိစေရန်နှင့် အခွန်ပေး ဆောင်မှုမပြုလုပ်စေရန် CDM ပြုလုပ်သည့် ဝန်ထမ်းများက နိုင်ငံရေးအရ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ယင်းကို ဖော်ထုတ်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းသည် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုပြီး အစိုးရ၏ လုပ်ငန်းများ အောင်မြင်အောင် ထမ်းဆောင်ရန် လိုကြောင်းထို့ပြင် စာရင်းဇယားများ လိမ်လည်ပြီး အခွန်ပေးဆောင်ရန် ရှောင်ရှားမှုများ ပြုလုပ်သည်ကိုလည်းတွေ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် အခွန်ပေးဆောင်မှု မရှိသူများ များပြားလျက်ရှိကြောင်း၊ အခွန်ကောက်ခံမှုနှင့် စပ်လျဉ်း၍ နည်းပညာတိုးတက်အောင် ဆောင်ရွက် သွားရမည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ အခွန်အပြည့်အဝရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုကြောင်း။

ချေးငွေနှင့်စပ်လျဉ်း၍ နိုင်ငံတော်တွင် ဝင်ငွေမရရှိဘဲ ဆောင်ရွက်ရသည့် လုပ်ငန်းများ ကြောင့် ချေးငွေများပြားလာကြောင်း၊ စီးပွားရေးလုပ်ငန်းများ မအောင်မြင်ရခြင်း၏ နောက်ဆက်တွဲသည် ကြွေးမြီများပြားလာခြင်းဖြစ်ကြောင်း၊ အချို့နိုင်ငံများတွင်လည်း ကြွေးမြီများရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပကြွေးမြီရယူမှုကို လျှော့ချနိုင်စေရန် ပြည်တွင်း ထုတ်ကုန်တိုးတက် အောင်ဆောင်ရွက်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ချေးငွေဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများကို စီးပွားရေးအရ တွက်ခြေကိုက် စေရန်၊ အကျိုးရှိရှိ အသုံးချသွားရန်လို ကြောင်း။

ပြည်ပချေးငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ရပ်ဆိုင်းထားသည့်အတွက် တိုင်းပြည်အတွက် များစွာနစ်နာမှုများရှိကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် ဆောင်ရွက်သင့် သည့်လုပ်ငန်းများကို ဆက်လက်လည်ပတ်နိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနများအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများကို ကုန်ထုတ်စွမ်းအား မြင့်မားလာ စေရန်အတွက် နည်းပညာမြှင့်တင် ပေးသွားရမည်ဖြစ်ကြောင်း၊ ချေးငွေဖြင့် ဆောင်ရွက်ရသည့် တိုင်းပြည်၏ အခြေခံကုန်ထုတ်လုပ် မှု မြှင့်တင်သည့်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် စနစ်တကျ စိစစ်ဆောင်ရွက်သွား ရန်လိုကြောင်း။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြေပေါ်မြေအောက်သယံဇာတ ထုတ်ကုန် အပေါ် မှီခိုသည့် စီးပွားရေးလုပ်ငန်းများကို လျှော့ချသွားရမည်ဖြစ်ကြောင်း၊ အဓိကအနေဖြင့် သစ်ထုတ်လုပ်မှုနှင့် ကျောက်မျက်ရတနာထုတ်လုပ်မှုကို ရှောင်ရှားရ မည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ထုတ်လုပ်သင့်သည့် ပမာဏကိုသာ ထုတ်လုပ်သွားရန် လိုကြောင်း၊ စွမ်းအင်ရရှိရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုသာ အဓိကထား ထုတ်လုပ်သွားရမည်ဖြစ်ကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာ၀ ပြောရေးအတွက် ဆောင်ရွက်ရာတွင် ရှိရင်းစွဲ အခြေခံများကို အသုံးချဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ စီမံကိန်းများရေးဆွဲရာတွင် ဖြစ်နိုင်သည့် အခြေအနေများ အပေါ်မူတည်၍  မျှော်မှန်းချက်များကို ရည်ရွယ်ရေးဆွဲခြင်းဖြစ်ကြောင်း၊ ထိုသို့ရေးဆွဲရာတွင် နိုင်ငံနှင့်လူမျိုး တို့၏ National Characterisitcs နှင့် ပကတိအခြေအနေများ ကိုက်ညီရန်လိုအပ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင်လည်း သတ်မှတ်သည့် ပန်းတိုင်ရောက်ရှိအောင် ရှိရင်းစွဲ အရင်းအမြစ် များကို အပြည့်အဝအသုံးချ၍ ပြည်သူကိုနေရာပေးကာ ကြိုးပမ်းဆောင်ရွက် သွားရန်လိုကြောင်း ပြန်လည်ဆွေးနွေး ပြောကြားသည်။

အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကား ပြောကြားရာ တွင် ယခုရေးဆွဲထားသည့်() အမျိုးသားစီမံကိန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်()ရပ်နှင့် ဦးတည်ချက် () ရပ်တို့ကို အခြေခံပြီး ချိတ်ဆက်ရေးဆွဲထားသည်ကို တွေ့ရကြောင်း၊ နောင်လာမည့် ဘဏ္ဍာရေးနှစ် သစ်ကာလမတိုင်မီ ပေါင်းကူးသဖွယ် ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည့် လုပ်ငန်းစီမံကိန်း များလျာထားကြောင်းကိုလည်း တွေ့ရကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ယိုင်နဲ့နေသည့် စီးပွားရေးကို လက်တွေ့ကျကျ ပြန်လည်ဦးမော့လာစေရန် လမ်းကြောင်းမှန်ပေါ်တင်ပေးသည့် စီမံကိန်းများဖြစ်ကြောင်း၊ ရေးဆွဲပြီးဖြစ်သည့် စီမံကိန်းများကိုလည်း အတည်ပြုပြဋ္ဌာန်း ပြီးသည်နှင့် ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများ အကောင်အထည်ဖော်စဉ် ဝန်ကြီးဌာနများနှင့် ဒေသန္တရအစိုးရအဖွဲ့များက အချိတ်အဆက်မိမိ ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် စီမံကိန်းဆောင်ရွက်နိုင်မှုကို ထိခိုက်ပြီး အချိန်ကြန့်ကြာစေနိုင်သည့် မြေပြင်အခြေအနေနှင့် အကြောင်းအရင်းများ တွေ့ကြုံလာပါက လည်း အချိန်မီပြင်ဆင် ဆောင်ရွက်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

စီမံကိန်းအကောင်အထည်ဖော်ရာတွင် ငွေကြေးသုံးစွဲမှုများကို နိုင်ငံတော်၏ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျသုံးစွဲရန်၊ လုပ်ဆောင်မှုတိုင်းကို စနစ်တကျမှတ် တမ်းထားရှိရန် လိုအပ်သကဲ့သို့ စာရင်းစစ်ဆေးခံနိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ ထို့ပြင် သွင်းအားစုများကိုလည်း အလေအလွင့်နည်းပါးစွာဖြင့် ထိရောက်အကျိုးရှိစွာ သုံးစွဲသွားရမည်ဖြစ်ကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့် သုံးသပ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

စီမံကိန်းတွင် လျာထားသည့်အတိုင်း ကဏ္ဍနှင့်ဒေသအလိုက် လျာထားချက်များနှင့် ပို့ကုန်လျာထားချက်ပြည့်မီရေး၊ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်စေရေးအတွက် အစွမ်းကုန် တက်ညီလက်ညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးနိုင်မည့် လုပ်ငန်းများကိုလည်း အားပေးမြှင့်တင်သွားရန် လိုကြောင်း၊ အဓိကအနေဖြင့် စိစိစစ်စစ် ခြိုးခြံချွေတာသုံးစွဲသွားရန်လိုအပ်မည်ဖြစ်ပြီး ရငွေနှင့် အသုံးစရိတ်ကို စိစိစစ်စစ် သုံးစွဲပါက စီမံကိန်းလုပ်ငန်းများ အောင်မြင်ရန် အခွင့်အလမ်း ရရှိမည်ဖြစ်ကြောင်း။

ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုကို အားပေးမြှင့်တင်သွား ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉နှင့် အကြောင်းအမျိုးမျိုးကြောင့် ကျဆင်းနေသည့် စီးပွားရေး၊ လူမှုရေးအခြေအနေများ ပြန်လည်နာလန်ထူနိုင်ရေးအတွက် ဝိုင်းဝန်းသုံးသပ်ပြီး အားသွန်ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေစဉ်တွင် နိုင်ငံတော်က ပံ့ပိုးရမည့်ကိစ္စရပ်များ လိုအပ်ချက်များရှိပါက အချိန်နှင့်တစ် ပြေးညီ တင်ပြကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)