Skip to main content

ပျူခေတ်အမျိုးသား၊ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးထုတ် စာပို့တံဆိပ် ခေါင်းသစ် (၂) မျိုး ရောင်းချပေးမည်

နေပြည်တော်၊ စက်တင်ဘာ၂၃

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသား များနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမို အလေးထား လေ့လာ မှတ်သားနိုင်စေရန်ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ ပျူခေတ် မျိုးသား/ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၂)မျိုးကို စက်တင်ဘာ (၂၇) ၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တော်သလင်း လပြည့်ကျော် (၇)ရက် နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် စက်တင်ဘာ(၂၇)တွင်ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်သည်။

ဆက်လက်၍လည်း ပုဂံခေတ်နှင့်အင်းဝခေတ် မြန်မာအမျိုးသားများနှင့်အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)