Skip to main content

ကျောက်ဆည်မြို့တွင် မော်တော်ယာဉ်တစ်စီးပေါက်ကွဲမှု ဖြစ်ပွားပြီး ယာဉ်မောင်း သေဆုံး

နေပြည်တော် စက်တင်ဘာ ၂၃

 

၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကျောက်ဆည်မြို့နယ်၊ ဆူးကုန်းရပ်ကွက်၊ အထက (၁)လမ်း၊ ပြည်သူ့အားကစားကွင်းနှင့် “ကံပွင့်” ဆန်ရောင်း ဝယ်ရေးဆိုင်ကြားနေရာတွင် Suzuki Swift အမျိုးအစား မော်တော်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားပြီး ယာဉ်မောင်းဖြစ်သူသေဆုံးခဲ့ကြောင်း သိရသည်။

 

ပေါက်ကွဲမှုဖြစ်ပွားစဉ် ၎င်းမော်တော်ယာဉ်ဘေးမှ ကပ်လျက် မောင်းနှင်လာသောမော်တော် ဆိုင်ကယ် ပေါ်မှ စွမ်းရည်ဖုန်း (၃၀) နှစ်သည် ယမ်းထိမှန်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ်နေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူယာဉ်မောင်း မှာ နိုင်လင်းထွန်း (၃၂) နှစ်ဖြစ်ပြီး မိုင်းပေါက်ကွဲမှုသည် ယာဉ်၏ပြင်ပမှ ပစ်ခတ်၍ ပေါက်ကွဲခြင်း မဟုတ်ဘဲ ယာဉ်ပေါ်တွင်ပါရှိသည့် ပစ္စည်းတစ်ခုခုမှပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်း၏ဖခင် ဦးကျော်မင်းမှာ ကျောက်ဆည်မြို့၊ စက်မှုနယ်မြေရှိ အမှတ် (၃၃) အကြီးစားဘိလပ်မြေစက်ရုံမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး လွန်ခဲ့သော မတ်လ က CDM ပြုလုပ်သောကြောင့် အလုပ်မှထုတ်ပယ် ခံထားရသူဖြစ်ကြောင်း သိရှိရပါသည်။