Skip to main content

ကျောက်တော်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများကို ချီးမြှင့်ငွေများပေးအပ်၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်များက အထောက်အကူ ပြုဆေးများ လာရောက်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကုသရေး ဦးစီးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများ အား ချီးမြှင့်ငွေနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်ထား သော အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျော်တော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့များနှင့် မြို့မိမြို့ဖများ တက်ရောက် ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများပြောကြားပြီး ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေကျပ် သိန်း ၂၀၊ ဆေးရုံကြီး၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက် ရန်အတွက် အလှူငွေကျပ်သိန်း ၁၀၀ နှင့် ကျန်းမာရေး အထောက်အကူ ပြုပစ္စည်းများတို့ကို ပေးအပ်ကြရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိရာ နေပြည်တော် ကောင်စီနယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် Mr.Kiwi Aliwarga(CEO) UMG Co,Ltd က တစ်ရာတစ်ဆယ့်ငါးသိန်းနှစ်သောင်းကျပ်တန်ဖိုးရှိ အဆုတ်အားဖြည့်ဆေး (Visudha Badhana Premium)များအား ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာ နချုပ်သို့ လာရောက်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်