Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အောင်မြင်စေရေး ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုး တက်စေရေး၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များ အောင်မြင်စေရေးအတွက် ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်အခြေခံ အဆောက်အဦ ဖွံ့ဖြိုး ရေးလုပ်ငန်းများအပြင် သမဝါယမကဏ္ဍမြှင့်တင်ရေး၊ အသေးစားအလတ်စား စက်မှု လက်မှု လုပ်ငန်းများနှင့် ချိတ်ဆက်ကာ ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အဓိက ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးတက်ရေး ကို အလေးထား ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံလူဦးရေစာရင်းအရ ကျေးလက်ဒေသတွင် နေထိုင်သူမှာပိုများကြောင်း၊ ဝင်ငွေတိုးတက်စေရေး ဆောင်ရွက်နိုင်ရန် ကျေးလက်နေ ပြည်သူများ၏ ပညာအရည်အချင်းမြင့်မားရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဗဟိုသမဝါယမအသင်း၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမ အသင်း စုချုပ်များ၊ မြို့နယ်သမဝါယမအသင်းစုများနှင့် သမဝါယမအသင်းများဟာ အမှန်တကယ် အလုပ်လုပ်ကြရန် လိုအပ်ကြောင်း၊ ပြည်သူများမှ အမှန်တကယ် လုပ်ငန်းဆောင်ရွက် လိုသူများကို သမဝါယမအသင်းများ ဖွဲ့စည်းပေး၍ အရင်းအနှီးများ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ပြည်သူများထံ သင်တန်းများ ပို့ချ ဆောင်ရွက်ပေးပြီး သင်တန်းပြီးဆုံးသူများကို အရင်းအနှီးများ ထူထောင်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ကျေးလက် ဒေသရှိ သမဝါယမအသင်းများကို လုပ်ငန်းသဘောတရားများ နားလည်သဘောပေါက်စေရန် သမဝါယမဦးစီးဌာနရှိ ဝန်ထမ်းများက ကူညီထောက်ပံ့ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းအားလုံးကို စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲနေရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနရှိ ဦးစီးဌာန (၃)ခုလုံး ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစွာဖြင့် စေတနာထားကာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

(သတင်းစဉ်)