Skip to main content

Oct 04, 2021

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူ များအား အောက်တိုဘာ ၂ ရက် နေ့လယ် ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း ၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေ များအား ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2021

ပညာသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးပါသည့်အရင်းအမြစ်ဖြစ်သည်။ ပညာဆင်ခြင် ဉာဏ်မြင့် မားတိုးတက်အောင် ပညာကိုအခြေခံ၍ စဉ်ဆက် မပြတ်ကြိုးစား အားထုတ်ရသည်။ စဉ်ဆက်မပြတ် သင်ယူနိုင်ရန်အတွက် အခြေခံပညာ၊ အဆင့်မြင့် ပညာတို့ကို တစ်ဆင့်ပြီးတစ်ဆင့် တတ်မြောက် အောင် လေ့လာဆည်းပူးကြရသည်။ နိုင်ငံတိုင်းသည် နိုင်ငံသားတိုင်း ပညာသင်ကြား နိုင်ရေးကို ဦးစားပေးဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2021

လေးနှစ်ခွဲခန့်ကြာအောင် ရပ်ဆိုင်းထားခဲ့ရသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်း လုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက် နေပြီဖြစ်သည်။ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော သံနှင့်သံမဏိစက်ရုံ စီမံကိန်းကြီးဖြစ်ပြီး နိုင်ငံ၏ အကျိုးစီးပွားအတွက် မဖြစ်မနေ အကောင်အထည်ဖော်ရန်လိုအပ်သည့် စီမံကိန်းလည်းဖြစ်သည်။ ၂၀၀၆ခုနှစ်စက်တင်ဘာလ ၅ ရက်တွင် စတင်တည်ဆောက်ခဲ့သည့် ယင်းစီမံကိန်းကြီးမှာ ပြီးစီးမှု ရာခိုင်နှုန်း ၉၈ ဒသမ၈၆ ရာခိုင်နှုန်း အထိအကောင်အထည်ဖော်ပြီးခါမှရပ်ဆိုင်းသွားခဲ့ရခြင်း ဖြစ် သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကလောမြို့နှင့် အောင်ပန်း မြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့မွန်းလွဲပိုင်းတွင် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ် ဧည့်ခန်း မဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက် တစ်ခု ဖြစ်သည့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်လုပ်သားများ၊ အလယ်အလတ်အဆင့်နှင့် ဘာသာရပ် အထူးပြု ပညာရှင်များ ပိုမိုမွေးထုတ်နိုင်ရေး၊ သုတေသနဖွံ့ဖြိုးရေး လုပ်ငန်း များ တိုးတက်အောင် ဆောင်ရွက်နိုင်ရေးကို အလေးထား ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ဒေသခံပြည်သူများ စိုက်ပျိုးမွေးမြူရေး သိပ္ပံကျောင်းများတွင် ပိုမို တက်ရောက် နိုင်ရေး စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံ ရှင်းလင်း ဆောင်၌ ရှမ်းပြည်နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိ သူများနှင့် တွေ့ဆုံစဉ် ဆွေးနွေး ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်း တွင် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း နှင့်အတူ ပင်းတယမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အရေးပေါ်နှင့်ပြင်ပ လူနာဌာန၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ အတွင်းလူနာခန်းများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ် ကျန်းမာရေးဦးစီးဌာမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့ဆေးရုံတွင် ပြည်သူများကို ဆေးကုသဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးနေမှုများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်တင်ဘာ (၃၀)ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန သို့ရောက်ရှိရာ ပြည်နယ်ဦးစီးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က လုပ်ငန်းလည်ပတ် အကောင် အထည်ဖော် ဆောင်ရွက်နေမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခြင်းများကို အစီအမံများ ချမှတ် ဆောင်ရွက်ရာတွင်ကြောင်း၊ စက်မှုဇုန်များတွင်ရှိသည့် အလုပ်သမားများ ကို ကျွမ်းကျင်လုပ်သားများအဖြစ် ပြုပြင်ပြောင်း လဲပေးနိုင်ရေးအတွက် သင့်တော်သည့် သင်တန်းများပေးခြင်း၊ အလုပ်အကိုင်ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ခြင်း၊ စစ်ဆေးအကဲဖြတ်ပေးခြင်းနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်း ပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့၊ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီး ဘက်စုံအလှူငွေပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပန်းပေါင်းစုံဖြင့် ပြုလုပ်ထားသည့် မဟာမုနိဆင်း တုတော်မြတ်အား ဓမ္မဒါနအဖြစ် ပြန်လည်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

မန္တလေးတိုင်းဒေသကြီး မန္တလေးကျုံးနှင့် နန်းမြို့ရိုးကြားတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရတနာပုံအပန်းဖြေဥယျာဉ် ပန္နက်တင်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ် ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ နန်းမြို့ရိုးတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားများ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ကောင်စီ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် နမ့်ဆန်ဒေသ တိုင်းရင်းသားပြည်သူများက စုပေါင်းလှူဒါန်းသည့် Boly စက်အမျိုးအစား Oxygen Plant စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံကြီးရှိ အဆိုပါ Oxygen Plant စက်ရုံ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၉ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၀ ဦး၊ မူဆယ်မြို့သို့ ပြန်လည်ဝင် ရောက်လာသူ အမျိုးသား ၁၀၄ ဦး၊ အမျိုးသား ၆၆ ဦး၊ စုစုပေါင်း ၁၇၀ ဦးတို့ကိုလည်းကောင်း၊ စက်တင်ဘာ ၃၀ ရက်တွင် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၁ ဦးကိုလည်းကောင်း၊ ယနေ့တွင် ရှမ်းပြည် နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၁ ဦး၊ အမျိုးသမီး ၇၉ ဦး၊ စုစုပေါင်း ၂၀၀ ဦးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၂၀၂ ဦး၊ အမျိုးသမီး ၁၉၆ ဦး၊ စုစုပေါင်း ၃၉၈ ဦးတို့ကို လည်းကောင်း အသီးသီး လက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ခရိုင်နှင့်မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၃၃၀ ဖြင့် လှိုင်သာယာအရှေ့ပိုင်း မြို့နယ် (၆)ရပ်ကွက် ရန်ကုန်-ပုသိမ်လမ်းမပေါ်ရှိ လှိုင်သာယာပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း သစ်ပင်ချုံနွယ် များ ခုတ်ထွင်ရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းပုံသွင်းနေမှု၊ မြေယာရှုခင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

အာဆီယံ၏ နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်း (APSC) မဏ္ဍိုင်မှ (၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖြတ်ရေးဆိုင်ရာ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင်၍ ကျင်းပရာ စက်တင်ဘာလ ၃၀ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များနှင့် တောတောင် သဘာဝအလှအပများ ပေါများကြွယ်ဝခြင်းကြောင့် ပြည်ပခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်စွမ်းရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် တည်ရှိနေသည့် ခရီးသွားဧည့်သည် ဆွဲဆောင်သည့် နေရာများသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိပ်တန်းသို့ ရောက်ရှိနေသော အိမ်နီးချင်းနိုင်ငံများထက် နိမ့်ကျမှုမရှိ။ အချို့သော နေရာဒေသများနှင့် သဘာဝအလှအပများဆိုလျှင် လွန်စွာထူးခြားလှပ၍ သဘာဝမပျက် ပြုပြင်မွမ်းမံဖြည့်ဆည်းလိုက်မည်ဆိုပါက ကမ္ဘာကျော်နိုင်သည့်နေရာများ များစွာရှိသည်ဟု ယုံကြည်မိသည်။ သို့ရာတွင် မိမိတို့နိုင်ငံရှိ ခရီးသွားဧည့်သည်အများအပြား လည်ပတ် ကြသည့် နေရာများတွင်လည်းကောင်း၊ အဝေးပြေးလမ်းများတွင် လည်းကောင်း၊ အကျည်းတန်အရုပ်ဆိုးစွာ အလှဖျက်နေကြသည့် အရာများမှာ စွန့်ပစ်အမှိုက်များဖြစ်သည်။ စွန့်ပစ်အမှိုက်များအနက် အကွေ့ရအများဆုံးမှာ ပလတ်စတစ်အမှိုက်များပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား ယနေ့မွန်းလွဲပိုင်းတွင် ကလောတပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန်၌ ဥစားကြက်မွေးမြူထားရှိမှုနှင့် မျိူးဖောက်ဝက်မွေးမြူထားရှိမှုတို့ကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်