နေပြည်တော် အောက်တိုဘာ ၁
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမတွင် ကျင်းပ သည်။
အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသည့် အဘိုး အဘွားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုကာကွယ် စောင့်ရှောက် ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၁၄) နှင့် သက်ကြီး ရွယ်အိုများ ဆိုင်ရာ ဥပဒေ (၂၀၁၆)နှင့်အညီ သက်ကြီးရွယ်အိုများ ဝင်ငွေ လုံခြုံမှုရရှိစေရေး အတွက် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် အသက်(၁၀၀)နှစ် အထက်မှ စခဲ့ပြီး ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် မှစ၍ အသက်(၉၀)နှစ်နှင့် အထက်၊ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် အသက်(၈၅)နှစ်နှင့် အထက် လူမှုရေး ပင်စင်ထောက်ပံ့မှု အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိရာမှ လက်ရှိ တွင် အကျိုး ခံစားခွင့်ရှိသူ ဘိုးဘွား(၂၅၀,၀၀၀) ခန့် ရှိနေပြီဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများနှင့် မျိုးဆက်သစ်လူငယ်များ အပြန်အလှန် ကူညီစောင့် ရှောက်နိုင် ရေးအတွက် သက်ကြီး ရွယ်အိုများဦးဆောင်ပြီး အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ လူငယ်များပါဝင်သည့် “Inclusive Self-Help Group” “လူမှုအားမာန်” အဖွဲ့ပေါင်း(၂၂၂)ဖွဲ့ကို ဖွဲ့စည်းထား ရှိပြီး ၎င်းအဖွဲ့များ ၏ လုပ်ငန်း ဆောင်ရွက်ချက် များ ကောင်းမွန်စွာ လည်ပတ် နိုင်ရေးအတွက် မတည်မှုရန်ပုံငွေအနေဖြင့် ကျပ်(၁၀)သိန်းစီ ထောက်ပံ့ပေး လျက်ရှိပါ ကြောင်း။
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာတစ်နိုင်ငံ လုံး အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးကို ယခင်နှစ်များ ကဲ့သို့ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းစီကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည် နယ်များမှ တစ်ဆင့် လွှဲပြောင်းပေးအပ် သွားမည် ဖြစ်ပါကြောင်း။
သက်ကြီးရွယ်အိုများသည် လေးစားထိုက်၊ ဂုဏ်ပြုထိုက်သူများဖြစ် သဖြင့် အခမ်းအနားကျင်း ပပေးရုံသက်သက်မဟုတ်ဘဲ သက်ကြီးရွယ်အိုများ၏ ဘဝ အမှန် တကယ် လုံခြုံမှု၊ နွေးထွေးမှုရှိစေရေးနှင့် သက်ကြီးရွယ်အိုများ၏ စွမ်းအားကို နိုင်ငံတော် တည်ဆောက်ရေး ဖြစ်စဉ်မှာ ထည့်သွင်းအသုံးပြုသွား နိုင်ရေး အတွက်လည်း အခွင့်အလမ်းဖန်တီးပေးဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် မှတ်တမ်း video ကို ပြသပြီး ဘိုးဘွားများကိုယ်စား အဘွားတစ်ဦး က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
(သတင်းစဉ်)