Skip to main content

Oct 05, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ် ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်နှင့် မြဝတီကုန်သွယ်ရေးစခန်း (၂) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂) ခုမှ ယာဉ်စီးရေ (၄) စီးဖြင့် အောက်ဆီဂျင်(အရည်)Storage Container(၂)ခု၊ Oxygen (အရည်) Distributor (၃)ခု၊ Oxygen အိုးခွံ(၄၉၀)၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၁၀၄)ခု၊ Test Kit (၁၀၀၀၀)ခု၊ လက်အိတ် (၁၆)တန်နှင့် နှာခေါင်းစည်း(Mask) (၁၆) တန် တင်သွင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ကာလအလွန်တွင် ခရီးစဉ်ဒေသများ ပြန်လည် စတင်နိုင်ရန်အတွက်ရည်ရွယ်၍ ပစိဖိတ်-အာရှ ခရီးသွား လုပ်ငန်းအဖွဲ့ (PATA) နှင့် ကမ္ဘာ့ ဘဏ် (World Bank) တို့မှ ကြီးမှူးပြီး COVID-19 Destination Recovery Insights Exchange- Session 3 ဆွေးနွေးပွဲသို့ နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် မရမ်းကုန်းမြို့နယ် ပြည်လမ်းနှင့် ပါရမီလမ်းထောင့်သို့ သွားရောက်၍ အင်းလျားကန် ရေပြင်သန့်ရှင်း ကြည်လင်စေရေးအတွက် အင်းလျားကန်သို့ ဝင်ရောက်သည့် ရေမြောင်းနှင့် ရေစစ်ကန်အတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှု၊ ရေစစ်ကန်ဝန်းကျင် ချုံနွယ်နှင့် မြက်များရှင်းလင်းနေမှု၊ အပင်ကြီးများ ခုတ်ထွင် ရှင်းလင်း ပုံသွင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

တရားလွှတ်တော်ရှေ့နေ အသိ အမှတ်ပြုလက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၇နာရီတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ရုံးခန်းအမှတ် (၄) တွင် စတုတ္ထအကြိမ် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ နဝမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာနယ်ပယ် (၃) အကောင်အထည်ဖော်မှု ကြီးကြပ် ရေးကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၈ နာရီမှ စတင် ၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၂၄) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ကောင်စီအစည်းအဝေး၊ အကြိမ် (၃၀) မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်း အဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အခါသမယ၌ မြန်မာနိုင်ငံတစ်ဝန်းရှိ ဆရာ၊ ဆရာမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကလောမြို့နှင့် အောင်ပန်း မြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အောက်တိုဘာ ၃ ရက်တွင် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပြောကြား ရခြင်း၏ ရည်ရွယ်ချက်နှစ်ရပ်မှာ ကလောမြို့ကို ခရီးသွားမြို့တော် အဖြစ် လုပ်ဆောင်ကြရန်နှင့် ဒေသတွင်းထုတ်ကုန်ပစ္စည်းများ နှင့် ပတ်သက်၍ အဆင့်မီပြီး အရည်အသွေးပြည့်ဝသည့် Quality Product များဖြစ်အောင် ဆောင်ရွက်ကြစေလိုခြင်းတို့ပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 05, 2021

ဆရာဟူသည်မှာ အသိပညာ၊ အတတ်ပညာတစ်ခုခုကို သင်ကြားပြသပေးသူကို ဆရာဟု ယေဘုယျအားဖြင့် သတ်မှတ်ကြသည်။ ဆရာဟူသည်မှာ သိမ်မွေ့ နက်နဲပြီး ထူးကဲမွန်မြတ်သော ဂုဏ်ထူးဝိသေသများနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်တို့သာ ဖြစ်၏မိမိတို့ လူတစ်လုံး သူတစ်လုံးဖြစ်အောင် ဆောင်ကြဉ်းပေးသည့်ပုဂ္ဂိုလ်များတွင် မြတ်ဆရာတို့သည် မိဘတို့နှင့်ထပ်တူထပ်မျှ တာဝန်ဝတ္တရားကြီးမားပါ၏။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦးတို့နှင့်အတူ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ရဲရွာရေအားလျှပ်စစ်စက်ရုံသွားရာလမ်း ၆ မိုင်ခွဲတွင် တည်ရှိ သည့် Mandalay Water Boom သို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု နှင့် Resort တည်ဆောက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2021

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာစာအမှတ်၊ (၃/၂၀၂၀)ဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်း(၁၀)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့် လစ်လပ်ရာထူး (၁၉၅)နေရာအတွက် ရေးဖြေ စာမေးပွဲကို ဇွန်၂၆ နှင့် ၂၇ ရက်တို့တွင် စာစစ်ဌာန(၅)ခု၌ ကျင်းပခဲ့ရာ ဖြေဆိုသူ (၈၁၄)ဦးမှ ရေးဖြေ အောင်မြင်သူ (၂၅၀)တို့အား စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် (၃)နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြား ဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်း (၂)ခုတို့မှ တင်သွင်းရာ ယာဉ်စီးရေ (၃) စီး၊ အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၁)စီးဖြင့် (၁၉.၉၇) တန်နှင့် နှာခေါင်းစည်း (Mask) (၇) တန် တင်သွင်းခဲ့ပြီး အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၁)စီးမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်းသိရှိရ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁) ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2021

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄ ဦးတို့အား လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်