Skip to main content

Nov 05, 2021

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်း များ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးစေရန်အတွက် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုး သားဖောက်နည်းပညာများ လက်တွေ့ဆောင်ရွက် ခြင်းဖြင့် ကျေးလက်နေပြည်သူများ နည်းပညာများ ရရှိ၍ ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ လူမှုဘဝမြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံငါး မွေးမြူရေးနှင့်ရေချိုငါးများဆေးထိုးဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အောက်တိုဘာ ၃၁ ရက် နံနက်က မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 05, 2021

ရခိုင်ပြည်နယ်၏ ရှည်လျားသော ကမ်းရိုးတန်း တစ်လျှောက်တွင် ပေါက်ရောက်လျက်ရှိသည့် ဒီရေတောများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 05, 2021

ပြီးခဲ့သည့်လက ကျင်းပပြီးစီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်စပ် အစည်းအဝေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အာဆီယံမူ၊ အာဆီယံပဋိညာဉ်ကို ကျော်လွန်ကာ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ တောင်းဆိုမှုများသည် အစဉ်အလာကောင်းသော အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ အာဆီယံဗဟိုပြုမှု၊ အာဆီယံလမ်းကြောင်းကို ထိပါးနေပြီဟုပင် သံသယဖြစ်ဖွယ် စဉ်းစားဖွယ်ဖြစ်နေသည်။

ဆက်လက်ဖတ်ရှုရန်

Nov 05, 2021

ယနေ့လူငယ်များ ပညာရည်မြင့်မားမှ အနာဂတ်မှာနိုင်ငံတော်လည်း မြင့်မားမည်။ မိမိတို့နိုင်ငံ ကဲ့သို့သော ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံ ကစ်နိုင်ငံအဖို့ လူ့စွမ်းအားအရင်းအမြစ်က ပိုလို့ပင်အရေးကြီး သည်။ ပညာရှာရာတွင် အသက်အရွယ်နှင့် အချိန်အခါက အကန့်အသက်ရှိသည်။ ဘဝတစ်သက်တာ ပညာရှာ (Lifelong Learning ဟုဆိုရာတွင်ငယ်ရွယ်စဉ်ကအခြေခံပညာများ သင်ကြားတတ်မြောက် ထားရန် လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -

ဆက်လက်ဖတ်ရှုရန်

Nov 04, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီစီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊

ဆက်လက်ဖတ်ရှုရန်

Nov 04, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရိုးရာယဉ်ကျေးမှု အနုသုခုမအမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ် 19 ကာလအတွင်း အများပြည်သူများ စိတ်အပန်းပြေ စေရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို အခြေခံသည့် ဖျော်ဖြေရေး အစီအစဉ်များကို ဖော်ထုတ်ပြသရန် ရည်ရွယ်၍

ဆက်လက်ဖတ်ရှုရန်

Nov 04, 2021

မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အာဆီယံ-ကိုရီးယား စင်တာကို ၂၀၀၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ဈေးကွက်မြှင့်တင်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူ များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2021

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မန္တလေးတိုင်း ဒေသကြီးအတွင်း ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ကာလတို ကာလရှည် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများ၊ တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းကူညီ ပေးနိုင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေး အတွက် ပြည်ထောင်စုဝန်ကြီး ဌာနအပိုင်းနှင့် တိုင်းဒေသကြီး အစိုးရအပိုင်းတို့မှ ကူညီပံ့ပိုးပေးနိုင်မှုကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၂ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၄၀ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၂၄၉ ဦး၊ အမျိုးသမီး ၂၄၇ ဦး၊ စုစုပေါင်း ၄၉၆ ဦးတို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2021

ယနေ့အချိန်အခါတွင် အများပြည်သူ ကြုံတွေ့နေရသည်မှာ ဝယ်ယူအသုံးပြု ဖွယ်ရာပစ္စည်းများ ဈေးတက်နေခြင်း ဖြစ်သည်။ ကုန်ပစ္စည်းဈေးနှုန်း ကြီးမြင့်ရခြင်းမှာ နိုင်ငံခြားငွေဈေးနှုန်း တက်လာသောကြောင့်ဖြစ်သည်။ မူလက ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများ ဒေါ်လာဈေးနှုန်း တက်သလောက် ဈေးနှုန်းမြင့် တက်လာခဲ့ပြီး နောက်ပိုင်းတွင် အခြားစားသောက်ကုန် ပစ္စည်းများပါ ဈေးနှုန်းတက်လာသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မိမိတို့နိုင်ငံ၏ စက်သုံးဆီတင်သွင်းမှု စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၂ ဒသမ ၁၂၉ ဘီလီယံရှိသည်။ ဒီဇယ်ဆီ၊ ဓာတ်ဆီ စသည့် စက်သုံးဆီများကို စက်ယန္တရားများ မောင်းနှင်ရာတွင် အသုံးပြုကြရာ အများစုမှာ မော်တော်ယာဉ် များတွင် အသုံးပြုကြခြင်းဖြစ်သည်။ ယခုအခါ မိမိတို့ နိုင်ငံတွင် မှတ်ပုံတင်မော်တော်ယာဉ်စီးရေ တစ်သန်းခန့်နှင့် မော်တော် ဆိုင်ကယ်စီးရေ ခြောက်သန်းခန့်ရှိနေရာ မြေပြင်အခြေအနေတွင် ယင်းထက်ပိုမည်မှာ သေချာသည်။ မှတ်သားဖွယ်အချက်မှာ လူဦးရေ ခုနစ်သန်းကျော် နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ကားစီးရေခုနစ်သိန်းကျော် ရှိနေသည့်အတွက် တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ်စီးရေ၏ သုံးပုံ နှစ်ပုံခန့် ရန်ကုန်တွင် တည်ရှိနေခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ လေ့ကျင့်ရေး အလယ်တန်းကျောင်း၊ အားကစားကွင်းများနှင့် မန္တလေး တက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေး ဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ သမဝါယမအသင်းစုချုပ်ပိုင် နို့ချက် စက်ရုံ သို့ ရောက်ရှိပြီး ရပ်နားထားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည့် စက်ရုံအား အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီအစည်းအဝေး (၁၅/၂၀၂၁) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

တက္ကသိုလ်၊ ကောလိပ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်