Nov 02, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ Myanmar Royal Fortune ကုမ္ပဏီနှင့် Myanmar Royal Golden Elephant Medical Device ကုမ္ပဏီတို့က အနွေးထည် ၄၀၀၀ ကို ယနေ့နံနက်ပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
Nov 02, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်းနှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ငါးခုမှ ယာဉ်စီးရေ ခုနစ်စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser နှစ်စီးဖြင့် တန် ၄၀ ၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (Oxygen Generator တစ်ခု၊ အောက်ဆီဂျင်အိုးခွံ ၁၄၃၈ ခု၊ PPE ဝတ်စုံ ၆၃၆၀၀ နှင့် နှာခေါင်းစည်း ၃၂ တန်တို့ကို တင်သွင်းခဲ့ပြီး အောက်ဆီဂျင် (အရည်) Bowser ယာဉ်နှစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့တို့သို့ တစ်စီးစီဖြစ်ကြောင်း သိရသည်။
Nov 02, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် Myanmar International-Channel (MITV) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်သည်။
Nov 02, 2021
ယခုနှစ် မိုးရာသီကာလတစ်လျှောက် မြန်မာနိုင်ငံ ဒေသအနှံ့အပြား တို့တွင် မိုးကောင်းခဲ့သည်။ သို့ဖြစ်၍ နိုင်ငံတစ်ဝန်းတွင် တည်ရှိနေသည့် ရေလှောင်တမံနှင့် ရေကန်အများစုတို့တွင်စိုက်ပျိုးရေးအတွက် လိုအပ်ချက် ဖြစ်သော ရေပမာဏကို ယခင်နှစ်များကထက် ပိုမို သိုလှောင်ထားနိုင်နေပြီဖြစ်သည်။ မိမိတို့နိုင်ငံ၏ မိုးရာ သီကာလ မိုးရွာသွန်းမှုအခြေအနေများ ပုံမှန်အောက် လျော့နည်းခဲ့သည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ချိန်ခါမဟုတ် မိုးရွာသွန်းမှု၊ တစ်နေရာတည်းတွင် မိုးအလွန်ကြီးမှု၊ မိုးနည်းရေရှားရပ်ဝန်းအပါ အဝင် ဒေသအချို့၌ မိုးခေါင်ခြင်းနှင့် ရေရှားပါးပြတ်လပ်မှုတို့ကို နှစ်စဉ်လိုလို ကြုံတွေ့ခဲ့ရသည်။
Nov 01, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili ၏ ဖိတ်ကြားချက်အရ Bruges, Flanders (Belgium)နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) မှ (၆) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အစားအသောက်နှင့် စပ်လျဉ်းသည့် ခရီးသွားလုပ်ငန်းဖိုရမ် (“6th UNWTO World Forum on Gastronomy Tourism”) သို့ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်တက်ရောက်သည်။
Nov 01, 2021
ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသားမိဘပြည်သူများခင်ဗျာ၊ အားလုံးပဲ ကိုယ်စိတ် နှစ်ဖြာကျန်းမာ ချမ်းသာပါစေ ကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
Nov 01, 2021
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့(၁/၂၀၂၁) အစည်းအဝေး ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်း မြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)ဘွဲ့နှင်းသိမ် ဓမ္မာရုံ၌ ကျင်းပသည်။
Nov 01, 2021
(၁-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
Nov 01, 2021
သုတေသနလုပ်ငန်းများ နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်ခြင်းလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအားထုတ်ပေးသွားမည် ဖြစ်သကဲ့သို့ လာမည့်ကြံကြိတ်ဝါးရာသီတွင် သကြားစက်လုပ်ငန်း၏ ငွေကြေးလည်ပတ်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှသကြားစက်ရုံ၌ သကြားစက်လုပ်ငန်းရှင်များ ကြံစိုက်တောင်သူ များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
Nov 01, 2021
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင် များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန(NSPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 01, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Nov 01, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး များဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
Nov 01, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းအား ယနေ့ည (၈) နာရီတွင် MRTV ၊ MWD HD၊ MWD Variety ၊ MWD Documentary ရုပ်သံလိုင်းများနှင့် မြန်မာ့အသံရေဒီယိုတို့တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါကြောင်းမိဘပြည် သူများအား လေးစားစွာကြိုတင် အသိပေးအပ်ပါသည်။
Nov 01, 2021
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် အောက်တိုဘာ ၃၀ ရက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည်
Nov 01, 2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Nov 01, 2021
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အဖွဲ့များသည် စစ်ရေးပစ်မှတ်များမဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ဦးတည်၍ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ ဖျက်ဆီးခြင်းများ အပါအဝင် အကြမ်းဖက်လုပ်ရပ်မျိုးစုံဖြင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ပျက်ပြားစေရန် ဦးတည်လုပ်ဆောင်လျက်ရှိသည်။
Nov 01, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တစ်နေ့ထက်တစ်နေ့ ကျဆင်းလာခဲ့ပြီဖြစ်သည်။ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၄ ဒသမ ၄၇ ရာခိုင်နှုန်းမှ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ၃ ဒသမ၈၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားရာ ရည်မှန်းထားသည့် ပိုးတွေ့ရာခိုင်နှုန်း သုံးရာခိုင်နှုန်းအောက်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ သုံးရာခိုင်နှုန်းအောက် ရောက်ရှိလာလျှင် စိတ်ချရသော အနေအထားဖြစ်၍ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားသည်။
Nov 01, 2021
စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတတို့ကလူတို့၏ စိတ်နှလုံးကို စိုးမိုးချုပ်ကိုင်ခြယ်လှယ်နိုင်သော စွမ်းအင်များ ရှိကြသည်။ ၎င်းတို့သည် မီဒီယာများဖြစ်ကြသည့်အလျောက် ပြည်သူလူထုအတွင်း သတင်း ဖြန့်ဝေနိုင်သည့် အစွမ်းလည်း ရှိကြသည်။ နာမည်ကြီးဝတ္ထုထဲမှ ဇာတ်ကောင်၏ စရိုက် လွှမ်းမိုးခြင်းခံရသည့် စာဖတ်ပရိသတ်တို့ ရှိခဲ့ဖူးသလို ဝတ္ထုထဲမှ ဇာတ်လိုက်၏ ကြိုးပမ်းရုန်းကန်မှုကို အတုယူကာ ဘဝတွင် အောင်မြင်မှုရရှိသူများလည်း ရှိခဲ့သည်။ ရုပ်ရှင်ဇာတ်ကားထဲမှ သရုပ်ဆောင်တို့၏ အမူအရာ၊ ဝတ်စားဆင်ယင်ပုံ၊ ပြောပုံဆိုပုံ၊ ဇာတ်ဝင်စကားလုံးများကလည်း လူငယ်လူရွယ်များအတွင်း အချိန်တိုအတွင်း ပျံ့နှံ့သွားတတ်လေ့ရှိသည်။ သဘင်၊ ဂီတ စသည့် အနုပညာ တို့သည်လည်း ဤနည်းနှင်နှင်။ ။
Oct 31, 2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ မှတ်တမ်းတင်ခြင်း၊ ကာကွယ်ဆေးသုံးစွဲမှုနှင့် ဆေးထိုးလုပ်ငန်းလွှမ်းခြုံမှုကို ကြီးကြပ်ခြင်း၊ ကာကွယ်ဆေး ထိုးကတ်ပြားများ ထုတ်ပေးခြင်းစသည့် လုပ်ငန်းများအတွက် ကာကွယ်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ အသုံးပြုလျက်ရှိသည့် ကာကွယ်ဆေးထိုး သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (Vaccination Management Information System-VMIS) သည် Asian-Oceanian Computing Industry Organization (ASOCIO) အဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်သည့် ASOCIO ICT Award တွင် Digital Government Award ရရှိခဲ့သည်။
