Nov 07, 2021
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဖလားလျှပ်တစ်ပြက်ဖိတ်ခေါ် လက်ရည်စစ်လှေလှော်ပြိုင်ပွဲ နောက်ဆုံးနေ့ ပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီတွင် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် အင်းလျားကန်၌ ကျင်းပသည်။
Nov 07, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် နိုဝင်ဘာ ၅ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် သထုံမြို့တို့ရှိ နယ်မြေခံတပ်ရင်း များ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Nov 07, 2021
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အရ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲစနစ် ကျင့်သုံးခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်ပါတီရွေးကောက်ပွဲ စနစ်ကျင့်သုံးခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ပါတီစုံရွေးကောက်ပွဲစနစ်ကျင့်သုံးခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀၊ ၂၀၁၅၊၂၀၂၀ ပါတီစုံရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့သည်။
Nov 07, 2021
မြန်မာနိုင်ငံနှင့် သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် လျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲစနစ်များတွင် မဲများသူ အနိုင်ရသည့်စနစ် (First Past he Post-FPTP)၊ အချိုးကျကိုယ်စားပြုစနစ် (Proportional Representation-PR)၊ တစ်စိတ်တစ်ပိုင်းအချိုးကျစနစ် (SemiProportional System) တို့ရှိသည့်အနက် အချိုးကျကိုယ်စားပြု စနစ် (PR) ကို အဓိကထား၍ ဆွေးနွေး နေခြင်း ဖြစ်သည်။
Nov 07, 2021
ကရင်ပြည်နယ်သည် တောတောင်ရေမြေ သဘာဝရှုခင်းများနှင့် ရေခံမြေခံကောင်းမွန်သော ဒေသတစ်ခုဖြစ် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ၊ ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်နိုင်
Nov 07, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိသည်။
Nov 07, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂) နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
Nov 07, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင် ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၅ ရက်နေ့တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၅ ဦး၊စုစုပေါင်း ၃၃ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၄၅ ဦးတို့ကိုအသီးသီးလက်ခံ ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများ၌ တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်
Nov 07, 2021
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်း များအား ကြိုဆိုပွဲကို ယနေ့နေ့လယ်ပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ ရတနာပုံခန်းမ ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ အသစ်ခန့်အပ်ထားရှိသည့် ပညာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
Nov 07, 2021
အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့၌ နိုဝင်ဘာလ ဒုတိယပတ်တွင်ပြုလုပ်မည့် (၃)ကြိမ်မြောက် Goa Maritime Conclave-(GMC) သို့တက်ရောက်ရန်နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးသွားရောက်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ခွာကြသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၆-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ
Nov 06, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Nov 06, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကိုလေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများ မှနှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီစီစဉ်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီ(၃)ခုမှ ယာဉ်စီးရေ (၁၅) စီးဖြင့် နှာခေါင်းစည်း Mask (၁၀၅) တန် တင်သွင်းခဲ့ကြောင်း သိရသည်။
Nov 06, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲ အခမ်းအနား ဒုတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်၌ ဆက်လက်ကျင်းပသည်။
Nov 06, 2021
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ အမှတ်(၂)ရပ်ကွက်ရှိ CB ဘဏ်သို့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ အချိန်ခန့်က Wave-100(ဖြူ/နက်)နှင့် Luojia(နက်) ဆိုင်ကယ်နှစ်စီးဖြင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အကြမ်းဖက်သမားလေးဦး ရောက်ရှိလာပြီး
Nov 06, 2021
ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှုများဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 06, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးသည် နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။
Nov 06, 2021
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အပြစ်မဲ့ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။ လက်ရှိအချိန်တွင် ပညာသင်ကြားရမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာသင်နှစ် နစ်နာမှုမရှိစေရန်အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းအပေါ် ထိခိုက်ပျက်စီးစေလိုသော အကြမ်းဖက်သမားများက အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာများ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်ခြင်းများအပြင် လုပ်ကြံသတ်ဖြတ်သည် အထိပါ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။
Nov 06, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံ၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံနှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
Nov 06, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၄ ရက်နေ့တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၃၉ ဦး၊စုစုပေါင်း ၆၁ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၁ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၄၉ ဦး၊ အမျိုးသမီး ၂၄၇ ဦး၊ စုစုပေါင်း ၄၉၆ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံ ခဲ့ကြသည်။
Nov 06, 2021
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ RCF/RFI ချေးငွေများနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ ဖြေကြားခဲ့ပါသည်-
