ယနေ့လူငယ်များ ပညာရည်မြင့်မားမှ အနာဂတ်မှာနိုင်ငံတော်လည်း မြင့်မားမည်။ မိမိတို့နိုင်ငံ ကဲ့သို့သော ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံ ကစ်နိုင်ငံအဖို့ လူ့စွမ်းအားအရင်းအမြစ်က ပိုလို့ပင်အရေးကြီး သည်။ ပညာရှာရာတွင် အသက်အရွယ်နှင့် အချိန်အခါက အကန့်အသက်ရှိသည်။ ဘဝတစ်သက်တာ ပညာရှာ (Lifelong Learning ဟုဆိုရာတွင်ငယ်ရွယ်စဉ်ကအခြေခံပညာများ သင်ကြားတတ်မြောက် ထားရန် လိုအပ်သည်။
မျက်မှောက်ကာလမြန်မာနိုင်ငံ၏ ပညာရေးမှာ အားနည်းမှုများ ရှိနေသည်။ အသက်ငါးနှစ်အထက် ပညာသင်ကြားရမည့် အရွယ်ရောက်နေသူ လူဦးရေ ၄၆ သန်းကျော်ရှိရာတွင် လုံးဝကျောင်း မနေဖူးသူ သုံးသန်းကျော်လေးသန်းနီးနီး ရှိနေသည်မှာ နိုင်ငံအတွက် မကောင်းသည့် လက္ခဏာပင် ဖြစ်သည်။ တစ်ဖန် အသက် ၂၅ နှစ် အထက် (ပညာသင်ယူသည့်အရွယ် ကျော်လွန်သွားသူ) လူဦးရေ ၂၅ သန်းကျော်ရှိရာတွင်အလယ်တန်းအထိသာ ပညာသင်ကြားခဲ့သူ ၁၈သန်းကျော်ရှိနေသည်။ ယင်းနောက် အထက်တန်းပညာသင်ကြား နိုင်သူ ခုနစ်သန်းကျော်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည့်အခြေခံပညာအဆင့်ဆင့်မှသည် အဆင့်မြင့်ပညာတက္ကသိုလ် အထိ ပို၍ပို၍ နည်းသွားသည်။ ငွေကြေးမတတ်နိုင်ခြင်း၊ မိဘအလုပ်ကို ဂင်ကူရခြင်းနှင့် ကျေးလက်ဒေသစီးပွားရေး ဖြစ်သည့် စိုက်ပျိုးရေး မွေးမြူရေးတို့တွင် ဝင်ရောက်ကူညီရခြင်းဟူသည့် အကြောင်းများကြောင့် စာသင်ခန်းကို ကျောခိုင်းခဲ့ကြရခြင်းဖြစ်သည်။
ပညာသင်ကြားခြင်းက လူတစ်ဦးချင်းစီ၏ ဘဝတစ်သက်တာ အတွက်ဖြစ်သလို နိုင်ငံ၏အနာဂတ် အတွက်လည်း ဖြစ်သည်။ ပညာနိမ့်ပါးသူတစ်ဦးမှာ ဘဝတွင် မြင့်မားရန် မမျှော်မှန်းနိုင်သည့်အပြင် ရပ်တည်ရန်ပင် ခဲယဉ်းမည်ဖြစ်သည်။ ပညာနိမ့်ပါးသူဟု ဆိုရာတွင်
ကျောင်းသင်ပညာရေးသာမက အသက်မွေးဝမ်းကျောင်းပညာရေးလည်း အပါအဝင်ဖြစ်သည်။ နိုင်ငံတွင် ပညာတက်ရှားပါးပြီး အကက် ပညာပိုင်း ကျွမ်းကျင်သူလည်း နည်းပါးပါက နိုင်ငံဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရာတွင် လွန်စွာခက်ခဲမည်ဖြစ်သည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် မိမိတို့နိုင်ငံသို့ ၂၀၂၀ ပြည့်နှစ်ဦး ပိုင်း၌ ဝင်ရောက်လာသည့်အခါ အသွားအလာ တားဆီးကန့်သက်မှု များ မဖြစ်မနေပြုလုပ်ရခြင်းနှင့်အတူ ကျောင်းများကိုလည်း ပိတ်လိုက် ရသည်။ ရောဂါကူးစက်ပျံ့နှံ့မှုလျော့ပါးလာခဲ့ချိန်တွင်ကြိုးကြိုးပမ်းပမ်း နှင့် ကျောင်းများကို ပြန်လည်ဖွင့်ခဲ့သော်လည်း အကြမ်းဖက်သမား တို့၏ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်တိုက်ခိုက် မှုများ၊ ကျောင်းဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်မှုများ၊ ကျောင်းအဆောက်အအုံများကို မီးရှို့မှု၊ ဗုံးခွဲမှုများ ပေါ်ပေါက် လာခဲ့သလိုကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလှိုင်း တစ်ကျော့ပြန် ရိုက်ခတ် လာချိန်တွင် ကျောင်းများကို ပြန်လည်ပိတ်လိုက်ရပြန်သည်။ စာသင်နှစ်များ တစ်နှစ်ပြီးတစ်နှစ် မဖြစ်မနေ ပိတ်နေရခြင်းက ကျောင်းသူ ကျောင်းသားများအတွက် လွန်စွာထိခိုက်နစ်နာလှသည်။ ကျောင်း သင်ခန်းစာများနှင့် အချိန်ကြာမြင့်စွာ ဝေးကွာခဲ့ရချိန်အတွင်း အသက်များကြီးလာကြသည်။ ကျောင်းစာအပေါ် စိတ်ဝင်စားမှု လျော့ပါးသွားကြသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု အထိုက်အလျောက်ရလာပြီး ရောဂါကူးစက်ပျံ့နှံ့မှုများ လျော့နည်း ကျဆင်းလာချိန်တွင် ကစ်ဖက်ကလည်း အသက် ၁၂ နှစ်အထက် ကျောင်းသူ ကျောင်းသားများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးပြီး ကျောင်းများပြန်လည်ဖွင့်လှစ်လာသည့်အခါ အကြမ်း ဖက်သမားတို့က တစ်ကျော့ပြန် ပြန်လည်ခြိမ်းခြောက်၊ ဟန့်တားနှောင့်ယှက်မှု၊ ဖောက်ခွဲမှု၊ တိုက်ခိုက်မှုတို့ ပြုလုပ်လာကြပြန်ပြီ ဖြစ်သည်။
ကျောင်းများနှင့် ကျောင်းသူ ကျောင်းသား၊ ဆရာ ဆရာမများသည် စစ်ရေးပစ်မှက်ပြုလုပ်ရန်၊ နိုင်ငံရေးအမြတ်ထုတ်ရန်နေရာများ မဟုတ်သည့်အပြင် ပညာသင်ကြားမှုသည်လည်း မည်သည့် အကြောင်း ပြချက်နှင့်မျှ အနှောင့်အယှက်၊ အဟန့်အတား ပြုသင့်သည်မဟုတ်။ အမိုက်မှောင်ဖုံးလွှမ်း နေသည့် အကြမ်းဖက်သမားတို့မှာမူ ဆင်ခြင်တုံ တရားတို့ပါ ပျောက်ကွယ်နေပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများကျောင်းမတက်ရေး၊ ပညာသင်ကြားခွင့် ဆုံးရှုံးရေးတို့ကို ဦးတည်၍ အဖျက် လုပ်ရပ်များကို ပြုလုပ်နေခြင်းဖြစ်သည်။ မိဘပြည်သူများ၊ ဆရာ ဆရာမများနှင့် ပြည်သူများ အနေဖြင့် မိမိတို့ရင်သွေးများ၊ တပည့်များ၏ ပညာသင်ကြားမှု အခွင့်အလမ်းများ ဆက်လက်ရှင်သန် ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်အဖျက်ရန်ကို ဝိုင်းဝန်းတားဆီးကာကွယ်ကြရမည်ဟု တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။