နေပြည်တော် နိုဝင်ဘာ ၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီစီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ မြဝတီ ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၂) ခုမှ ယာဉ်စီးရေ (၄) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၂)စီး တန် (၄၀) ၊ အောက်ဆီဂျင် Plant (၂) ခုနှင့် Mask နှာခေါင်းစည်း(၁၀)တန်တို့ကို တင်သွင်းခဲ့ပြီး အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၂) စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ နေပြည်တော်နှင့် ရန်ကုန်မြို့တို့သို့ (၁) စီးစီဖြစ်ပြီး အောက်ဆီဂျင် Plant (၂) ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များ ကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။
သတင်းစဉ်