Mar 21, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မတ် (၁၉) ရက်နှင့် (၂၀) ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက်ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းတွင်ပါဝင်သော လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
Mar 21, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီတို့ ပါဝင် သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၈/၂၀၂၁ (ပဲခူး)၊ ၉/၂၀၂၁ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုတို့ကို စီရင်ချက် ချမှတ်သည်။
Mar 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn နှင့် အာဆီယံ အတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 21, 2022
နိုင်ငံတိုင်းတွင် တစ်ခုတည်းသော တပ်မတော်တစ်ရပ်ရှိသည်။ တပ်မတော်တိုင်းသည် မိမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်၏ အဓိက တာဝန်မှာ ကာကွယ်ရေးတာဝန်ဖြစ်သည်။ တိုင်းပြည်တစ်ပြည်၌ လူမျိုး၊ နယ်ပယ်၊ အစိုးရ၊ အချုပ်အခြာအာဏာဟူသည့် အင်္ဂါရပ်လေးခုရှိရာ ထိုအင်္ဂါရပ်လေးခုကို ထိပါးလာသည့် အန္တရာယ်ဟူသမျှအား တပ်မတော်သည် ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်။
Mar 21, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 21, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ( ရဲမှူးကြီး သက်လွင်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ရောက်ရှိရာ သျှစ်သောင်းပုထိုး တော်ကြီးအဝင် မုခ်ဦးရှိ အာရှ - ပစိဖိတ် ဒေသ မှတ်တမ်းအမွေ အနှစ်စာရင်းဝင် အာနန္ဒစန္ဒီ ကျောက်စာတိုင်ကို လေ့လာကြည့်ရှုပြီး ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း တင်သွင်းထားဆဲဖြစ်၍ စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရန်နှင့် အာနန္ဒစန္ထ ကျောက်စာနှင့် ပတ်သက်၍ ဝေသာလီခေတ် အေဒီ ၄ ရာစုမှ အေဒီ ၁၀ ရာစုအထိခေတ်အဆက်ဆက် ရေးထိုးခဲ့သည်ကို ပြည်သူလူထု သိရှိနားလည်စေရေး ပြည့်ပြည့်စုံစုံ ဖော်ပြပေးရန် မှာကြားသည်။
Mar 21, 2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်ရှိ ပရိယတ္တိစာသင်တိုက်၌ ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ တိလောကဘိဝံသ ဆရာတော်ဘုရားကြီး သက်တော် (၈၃) နှစ် ပြည့် ဝိဇာတ မွေးနေ့မင်္ဂလာနှင့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဂုဏဝိသိဋ္ဌ ပူဇော်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ရာ သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိမဟာနာယက ရွေကျင်ဂိုဏ်းလုံးဆိုင်ရာ ဥပအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 21, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Mar 21, 2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြစံပယ်လမ်း၊ ဝိဇ္ဇောတာရုံစာသင်တိုက် ဦးစီးပဓာန နာယက ရွှေကျင်နိကာယဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ၊ ပန္နရသမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု အဘိဓဇမဟာအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက နိုင်ငံတော် ဩဝါဒါစရိယ ဝိဇောတာရုံ ဆရာတော်ဘုရားကြီးသည် ယနေ့နံနက် ၂ နာရီ ၁၂ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
Mar 21, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပင်းတယ)၌ သတင်းအမှား အမှန်ခွဲခြားသုံးသပ်နိုင်ရေး၊ ဆောင်ရန် ရှောင်ရန် ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း၌ ပြုလုပ်သည်။
Mar 21, 2022
နေပြည်တော် မတ် ၂၀
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄)မှ ဗိုလ်လောင်းသင်တန်းသားများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် သူရဲကောင်းဗိမာန် (နေပြည်တော်)တို့သို့ ဒေသန္တရဗဟုသုတများ သွားရောက်လေ့လာခဲ့ကြသည်။
Mar 21, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုတို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ရတနာပုံအပန်းဖြေဥယျာဉ် တည်ဆောက်မှုလုပ်ငန်းများကို ကြည့်ရှု၍ ပြည်သူများ အနားယူအပန်းဖြေနိုင်မည့် အစီအစဉ်များကို အကြံပြု ဆွေးနွေးကြသည်။
Mar 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုင်းမောတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ အမှာစကား ပြောကြားသည်။
Mar 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် တို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူများကို သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး၊ ဆေးရုံရှိ ပါရဂူ၊ ဆေးမှူးနှင့် သူနာပြုများကို သီးခြားစီတွေ့ဆုံအမှာစကားပြောကြား သည်။
Mar 21, 2022
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးကဏ္ဍအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်၍ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အထက်အောက် အပြန်အလှန် လေးစားမှုနှင့် ရဲဘော်ရဲဘက်စိတ်မွေးမြူပြီး တပ်မတော်သားကောင်း တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ထားသော အဖွဲ့အစည်းဖြစ်သည်။ စည်းကမ်းအရာတွင် စံနမူနာပြဖြစ်အောင် ထိန်းသိမ်းလျက်ရှိသဖြင့် အစဉ်အလာကောင်းသော တပ်မတော်ဖြစ်သည်။