Skip to main content

Mar 09, 2023

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2023

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ စစ်တွေမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2023

အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2023

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်းများ၏ မိသားစုဝင် သား/သမီးများ ယဉ်ကျေးလိမ္မာသင်တန်း၊ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီနှင့်ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ/အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် သင်တန်းတက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2023

နေပြည်တော်ရှိ အနုပညာဦးစီးဌာန လေ့ကျင့်ရေးဇာတ်ရုံ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော “ရွှေမြန်မာအငြိမ့်”ဝတ်စုံပြည့် အစမ်းလေ့ကျင့်မှုကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်အတွင်းဝန်၊ မြဝတီရုပ်မြင်သံကြား တပ်မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေး အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2023

ဒေါက်တာအောင်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးများနှင့် စာကြည့်တိုက်များအတွက် စာအုပ်များလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2023

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁၈၅၁ ဦးရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2023

မြန်မာနိုင်ငံသည် သဘာဝသယံဇာတများပေါများကြွယ်ဝပြီး ရေခံမြေခံ ကောင်းမွန်သည့်နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများ ပေါများပြီး သစ်တောနှင့် တွင်းထွက်သယံဇာတပစ္စည်းများကို အဆက်မပြတ် ထုတ်ယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းပြီး သဘာဝသယံဇာတ ပေါများကြွယ်ဝသော်လည်း တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် စီးပွားတိုးတက်ရေးတို့တွင် လိုအပ်ချက်များရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2023

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မတ်လ ၈ ရက်တွင် စတင်ပြီဖြစ်ရာ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေကြပြီဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းဖြေနှင့် ပြင်ပဖြေစာရင်းရှိဦးရေ တစ်သိန်းရှစ်သောင်းခန့်ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ တစ်သိန်းခြောက်သောင်းကျော်ရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၀ ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2023

၂၀၂၃ ခုနှစ် မတ် ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က Video Message ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ အင်းလေးဖောင်တော်ဦးစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2023

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ယနေ့တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မျက်စိခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများအား ဆေးရုံရေယာဉ်ပေါ်၌ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် အဆိုပါလူနာများအား ကျောက်နီမော်ကျေးရွာတိုက်နယ်ပြည်သူ့ဆေးရုံသို့ တပ်မတော်ရေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2023

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းအား ယနေ့နံနက် ၁၁ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါကျေးရွာ၏ တောင်ဘက်မှ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းအုပ်ကြီးရုံးခန်းရှေ့ရှိ မြေကွက်လပ်နှင့် ကျောင်းအုတ်တံတိုင်းရှေ့၌ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ အဆောက်အဦ ထိခိုက်ပျက်ဆီးမှုမရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2023

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားသို့ ဘုရားဖူး သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန်လည်ထွက်ခွာလာသည့် ဘုရားဖူးယာဉ်အား မတ် ၇ ရက်တွင် PDF အမည်ခံအကြမ်း ဖက်သမားများက လက်လုပ်အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2023

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုသော လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) [LISU NATIONAL DEVELOPMENT PARTY (L.N.D.P)] နှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ [TAI-LENG NATIONALITIES DEVELOPMENT PARTY (T.N.D.P)] တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Martin Schuepp ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်