Skip to main content

Oct 25, 2022

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) တစ်တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2022

ယာဉ်သွားလာမှုနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှု များပြားလာသည့်အပြင် လမ်းဆုံမီးပွိုင့်များတွင် တောင်းရမ်းစားသောက်သူများကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ပိုမိုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2022

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လူငယ်သင်တန်းကျောင်း (ရွှေပြည်သာ) တည်ဆောက်ရေးလုပ်ငန်းသို့ရောက်ရှိပြီး သင်တန်းကျောင်းသို့ ရောက်ရှိလာသော ကလေးသူငယ်များအား စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ပို့ချပေးနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2022

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ဒေသကုန်ထုတ် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တာဝန်များကို ကျေပွန်အောင် ကြိုးပမ်းထမ်းဆောင်ကြစေလိုကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နေပြည်တော်ကောင်စီ၏ နယ်မြေအတွင်းရှိ ဓာတ်အားခွဲရုံများသို့ ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဝန်ထမ်းများအား ထိုသို့တိုက်တွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2022

ဧရာဝတီတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံးသစ်နှင့် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဧရာဝတီတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်အေး တို့က တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2022

ဒိန်းမတ်-မြန်မာ စီမံကိန်းမှ ကမ်းနီးငါးလုပ်ငန်း စစ်ဆေးရေးရေယာဉ်နှစ်စင်း လွှဲအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ငါးချဆိပ်ကမ်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2022

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ချောက်/လမ်းရွာရေနံမြေ တွင်းအမှတ် CDT-13၊ CDT-14 နှင့် CDT-15 တို့ကို တူးဖော်နိုင်ခဲ့သကဲ့သို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီနှင့် ပူးပေါင်း၍ တွင်းပေါင်း ၁၄ တွင်း တူးဖော်နိုင်ခဲ့ရာ တစ်ရက်လျှင် ရေနံစိမ်း ၈၀၈ စည်နှင့် သဘာဝဓာတ်ငွေ့ ၁ ဒသမ ၈၇၁၂ သန်းခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2022

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၄၁၇၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Oct 25, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 25, 2022

သီတင်းကျွတ်ကာလကျော်လွန်ပြီးနောက် ပွင့်လင်းရာသီရောက်လာပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အရှေ့အနောက်ဝန်းကျင်ရှိ ပင်လယ်ပြင်၌ ဖြစ်ပေါ်ခဲ့သော လေထုမတည်မငြိမ် ဖြစ်မှုများကြောင့် လေဖိအားနည်းရပ်ဝန်းများနှင့် မုန်တိုင်းငယ်များ၏ အရှိန်ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဝန်းကျင်တစ်ခွင် သာယာလာမည့်အချိန်၌ ရုတ်တရက် အုံ့မှိုင်းထစ်ချုန်းလာမှုများနှင့် လေပြင်းတိုက်ခတ်မှုအခြေအနေများ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်လာသည်။

ဆက်လက်ဖတ်ရှုရန်

Oct 25, 2022

တပ်မတော်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်မှုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင်စတင်ခဲ့ပြီး ယခုနှစ်ကုန်အထိ ထုတ်ပြန်မှုပေါင်း ၂၁ ကြိမ် ထုတ်ပြန်ခဲ့သည်။ ယခုနှစ် (၂၀၂၂ ခုနှစ်)ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအတွက် NCA စာချုပ်ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2022

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်)အား PDF အမည်ခံအကြမ်းဖက်အဖွဲ့က ယနေ့ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် Drone ယာဉ်တစ်စီးအသုံးပြုကာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2022

သတင်းတု သတင်းမှားနှင့် သတင်းလိမ်များဖော်ပြ၍ ကောလာဟလ ဖြန့်ဝေနေကြသော Online Media များက ဖားကန့်တေးဂီတဖျော်ဖြေပွဲအား တပ်မတော်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အပြစ်မဲ့ပြည်သူများနှင့် ကချင်ဝါရင့်အဆိုရှင်အချို့ သေဆုံးခဲ့ကြောင်း လူမှုကွန်ယက်တွင် ကောလာဟလသတင်းများ ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2022

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့အကျိုးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များအပေါ် မမှန်သတင်းများ အမြဲတမ်းထုတ်လွှင့်နေသည့် တရားမဝင်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media အနေဖြင့် ဗန်းမောက်မြို့နယ်အတွင်းရှိ ဆေးရုံ ၂ ခုအား တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မဟုတ်မမှန်သတင်းအား အောက်တိုဘာ ၂၃ ရက်နေ့တွင် လူမှုကွန်ယက်များပေါ်၌ ကောလာဟလသတင်းများ ထုတ်လွှင့်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2022

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ဒေါက်တာစုစုဒွေး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ကြို့ကုန်းကျေးရွာရှိ မုံရွာဆရာမိုး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး ကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ ကုန်ချောလည်ပတ်ထုတ်လုပ်နေမှု၊ ထုတ်ပိုးမှုနှင့် အရည်အသွေး ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2022

ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက် (၁၄)မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာ ၂၃ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2022

၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်