Skip to main content

တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ စာသင်ကျောင်းသို့ PDF အမည်ခံအကြမ်းဖက် သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်

နေပြည်တော်  မတ်  ၈

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းအား ယနေ့နံနက် ၁၁ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါကျေးရွာ၏ တောင်ဘက်မှ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းအုပ်ကြီးရုံးခန်းရှေ့ရှိ မြေကွက်လပ်နှင့် ကျောင်းအုတ်တံတိုင်းရှေ့၌ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ အဆောက်အဦ ထိခိုက်ပျက်ဆီးမှုမရှိကြောင်း သိရှိရသည်။

ထိုသို့ဆင်ခြင်တုံတရားမဲ့စွာ အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်နေသော PDF အမည်ခံအကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။