Skip to main content

Oct 29, 2022

(၂၇) ကြိမ်‌မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ အလုပ်သမားနှင့် အလုပ်အကိုင်ဆိုင်ရာဌာနမှ အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ မြန်မာနိုင်ငံမှ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံးအားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်ကအသိ အမှတ်ပြုသောအားဖြင့် စာပေပညာရှင်ဆရာကြီး ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ)၊ စာပေပညာရှင် ဆရာကြီးဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာမျိုးသန့်တင်၊ စာပေပညာရှင် ဆရာမကြီးဒေါက်တာမတင်ဝင်းတို့အား ၂ဝ၂၁ ခုနှစ်အ တွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း‌ ကြေညာသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

နိုင်ငံတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် PR ဖြင့် ခွင့်ပြုထားသူ၊ အမြဲနေအခွန်ဆောင်နိုင်ငံခြားသားများ စသည်တို့၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီးဂဏန်း ၁၀ လုံး ပါသည့် Unique ID နံပါတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

အစွန်းရောက်အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များကို ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့နယ် ကန်ရေတိုးဂိတ်အနီး၊ မင်းဘူး-ပဒါန်းကားလမ်းမကြီးဘေး၌ တရားမဝင်ရေနံစိမ်း ၄၈ ဂါလန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၂၀၀၀)နှင့် အဆိုပါရေနံစိမ်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၁၂၀၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂ဝ၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသောစာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်ကြေညာသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ဂျပန် ဗဟိုဌာန၏အထောက်အပံ့ဖြင့် NationalActivity Project- 2022 ကိုအကောင်အထည်ဖော်သည့်အနေဖြင့် ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက် အထိ နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ကျင်းပရာ အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

စားသုံးဆီများသန့်စင်သည့် နည်းပညာများပံ့ပိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရွေးချယ်ဖွဲ့စည်းနိုင်ရေးအတွက် ဟိန္ဒူမျိုးနွယ်စုအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီက နေပြည်တော် ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ (အပေါ်ထပ်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့ဝင်တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)ရှိ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

အဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၂) “Conference on Science and Technology Development – 2022” ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ပြင်ဦးလွင် တပ်နယ်စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်ရှိ Multifunction Hall ၌ ကိုဗစ်-၁၉ရောဂါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၄)ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပြဌာန်း

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

နေပြည်တော်ရေချိုငါးလုပ်ငန်းဥပဒေပြဌာန်း

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများနှင့် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကို အားလုံးသိရှိပြီးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့၍ တာဝန်ရှိသူများက ဖြေရှင်းပေးရန်တောင်းဆိုခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုစဉ်က နိုင်ငံ့တာဝန်ယူထားသူများက တပ်မတော်သာမက နိုင်ငံရေးပါတီများ၏ ဖြေရှင်းပေးရန်တောင်းဆိုမှုများကို လျစ်လျူရှု၍  နိုင်ငံတော်အာဏာကို အဓမ္မနည်းလမ်းဖြင့်ရယူရန် ကြိုးစားလာသဖြင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို မလွှဲမရှောင်သာဘဲ  ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

မြန်မာနိုင်ငံ၏လူဦး‌ရေတွင် အလုပ်လုပ်နိုင်သည့်အရွယ်ရှိ လူဦးရေအချိုးအစားများသည့်အတွက် လူဦးရေဆုလာဘ်ရရှိထားသော နိုင်ငံဟုပင်ဆိုကြသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့်အနက် အရွယ်ကောင်းလူငယ်များစွာတို့မှာ ရွှေ့ပြောင်းအလုပ်သမားများအဖြစ်နှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ပြီးလျှင် မြန်မာနိုင်ငံသည် ပြည်ပသို့အလုပ်သမားတင်ပို့မှု တတိယအများဆုံးနိုင်ငံဟူ၍လည်း ဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူးတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင် ၅၀၀)၊ တပ်မတော်ဆေးရုံကြီး(ခုတင်၁၀၀၀)ရှိ အထူးကုသမှုစင်တာနှင့် တပ်မတော်အသဲအထူးကုဆေးရုံတို့အား သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ကြည့်ရှုအားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်