Skip to main content

Nov 03, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ကို ချမှတ်ပေးထားသည်။ အဆိုပါအမျိုးသားရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၁ ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂)တွင် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2022

တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးတို့မှာ တစ်ဆက်တစ်စပ်တည်းဖြစ်သည်။ တရားဥပဒေစိုးမိုးလျှင် ရပ်ရွာအေးချမ်းသာယာမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှုကင်းမဲ့ပါက ရပ်ရွာပူမည်ဖြစ်သည်။ အများပြည်သူအကျိုးအတွက် ပြဋ္ဌာန်းထားသည့် တရားဥပဒေက လူ့ရပ်လူ့ရွာ၊ လူ့အဖွဲ့အစည်းတို့ကို တည်ငြိမ်အောင်၊ အေးချမ်းအောင် ထိန်းသိမ်းပေးထားခြင်းဖြစ်ရာ တရားဥပဒေစိုးမိုးမှုမပျက်ပြားစေရန် ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၊ မြေ၊ အဆောက်အအုံ အတိုင်းအတာစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

တည်ဆောက်ရေးလုပ်ငန်းနှင့်အညီ ဂုဏ်ပြု ယာဉ်၏ ကိုယ်ထည်တည်ဆောက်မှုပိုင်းနှင့် မြန်မာမှု ရုပ်လုံးရုပ်ကြွများနှင့် အချောထည် တည်ဆောက်ခြင်း အပိုင်းနှစ်ပိုင်းခွဲထားပြီး ကိုယ်ထည်တည်ဆောက် မှုပိုင်းအနေဖြင့် ယာဉ်ပေါ်တွင် ပြသမည့်ပစ္စည်းများ၏ အလေးချိန်ကို ခံနိုင်အောင် တောင့်တင်းခိုင်မာရန် လိုကြောင်း၊ အသုံးပြုမည့်ပစ္စည်းများကို Steel Angle၊ C - Channel တို့နှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရန်တန်းများကို Aluminium Hollow သုံးပြီး အထပ်သားကပ်ခြင်းဖြင့် ကိုယ်ထည်အပိုင်းကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပစဉ် အတွင်း တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ လုံလောက် စွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေး နိုင်ရေးနှင့် လျှပ်စစ်သုံးစွဲမှုများ အဆင်ပြေစေရေးတို့အတွက် ဝန်ထမ်းများက စီမံချက်အတိုင်း မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အထူးတာဝန် တစ်ရပ်အနေဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ အောက်တိုဘာ ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာတစ်ခုအတွင်းတွင် သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် Aluminium Materials အပါအဝင် ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၈၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) စက်မှုဇုန်ရှိ National Wood Industry လီမိတက်၏ သစ်အခြေခံ အချောထည်စက်ရုံ သို့ သွားရောက်၍ စက်ရုံအတွင်း ကျွန်းသစ်လုံးများ တင်ဒါစနစ်ဖြင့် ဝယ်ယူစုဆောင်းထားရှိမှု၊ ခေတ်မီစက်များအသုံးပြု၍ အဆင့်ဆင့် ခွဲစိတ်ဖြတ်တောက်မှု၊ အရွယ်အစား အမျိုးအစားအလိုက် အချောထည် ထုတ်လုပ်မှု၊ ဘေးထွက်ပစ္စည်းများကို စွန့်ပစ်မှုမရှိရအောင် အဆင့်မြင့်နည်းပညာနှင့် ခေတ်မီစက်ကိရိယာ အသုံးပြု၍ ပြည်ပပို့ သစ်အချောထည်များအဖြစ် ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

ယခုသင်တန်းကို နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးစနစ်ကို အခြေပြု၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည့် အရည်အချင်းပြည့်ဝသည့် စာရင်းပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ထုတ်လွှင့်မည်

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုတို့မှ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူ

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

မျက်မှောက်ကာလတွင် ပထဝီနိုင်ငံရေးကို အကြောင်းပြုသည့် နိုင်ငံများနှင့် ပတ်သက်၍ အင်အားကြီးနိုင်ငံအချို့က စွက်ဖက်လွှမ်းမိုးခြယ်လှယ်မှုများ ပြုလုပ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ပထဝီနိုင်ငံရေးအရ အရေးပါသောနေရာတွင်ရှိသည့် မြန်မာနိုင်ငံအနေဖြင့် ဖိအားပေးစွက်ဖက်မှုများကို အစဉ်တစိုက်ကြုံတွေ့နေရပေသည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးကိုအကြောင်းပြု၍ အင်အားကြီးနိုင်ငံနှင့် မကင်းရာမကင်းကြောင်းဖြစ်သည့် အဖွဲ့အစည်းများနှင့် နိုင်ငံများ၏ စွက်ဖက်ဖိအားပေးမှုများ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2022

နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရန် ပြည်ပမှ စက်သုံးဆီနှင့်စားသုံးဆီများ တင်သွင်းနေရမှုကို လျှော့ချနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၈/၂၀၂၂) တွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းမှာကြားခဲ့သည်။ စက်သုံးဆီနှင့် စားသုံးဆီများ ကို ပြည်တွင်း၌ သုံးစွဲမှုလျှော့ချနိုင်မှသာ ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်သည့်အလျောက် ပြည်တွင်းသုံးစွဲမှုလျှော့ချနိုင်ရေး လမ်းညွှန်မှာကြားမှုများကိုလည်း လိုက်ပါအကောင်အထည်ဖော်နိုင်ရန် လိုအပ်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2022

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်