Skip to main content

Oct 30, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2022

၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေ၊ ဝန်ထမ်းဝတ်စုံများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2022

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် မင်္ဂလာအချိန် နံနက် ၀၆:၃၀ နာရီတွင် မွေးဖွားခဲ့သည့် ရတနာဆင်ဖြူတော်လေးအား ဘွဲ့နာမံတော်အမည်ပေး ကင်ပွန်းတပ်နှင့် အဆောင်တော်တက် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၃၆၄၂ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်သုံးမြို့နယ်၌ ဒေသခံပြည်သူ ၂၇၈ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုမှ ဒေသခံပြည်သူ ၂၀၅၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2022

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေတစ်စီးနှင့် နှာခေါင်းစည်း Mask လေးတန် တင်သွင်းခဲ့ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၉ ရက်အတွင်း ကုမ္ပဏီ ခြောက်ခု၊ ယာဉ်စီးရေ ၁၁ စီးနှင့် နှာခေါင်းစည်း Mask ၇၃ ဒသမ ၃၂ တန် တင်သွင်းကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2022

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီက ပြည်ထောင်စုသမ္မတ နိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်အားထုတ်ရေးသား ပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုများကို ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမျိုးသားစာပေတစ်သက်တာဆုရရှိသူ သုံးဦးနှင့် မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြအပ်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Oct 30, 2022

၂၀၂၂-၂၀၂၃ ခုနှစ် မိုးနှောင်းချည် မျှင်ရှည်ဝါ အထူးအထွက် တိုးစံပြကွက် ကွင်းသရုပ်ပြပွဲနှင့် အာဟာရပြည့် ရွက်ဖျန်းအားဆေး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု ဂွေးပင်စံပြကျေးရွာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2022

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့ အရှေ့မြောက်ဘက်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ မှ ဒီဇင်ဘာလ ၁၀ ရက်အတွင်း ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2022

နိုင်ငံတော်အတွက် နိုင်ငံခြားငွေများကို တစ်ဖက်တစ်လမ်းက ရှာဖွေပေးလျက်ရှိသည့် ပြည်ပရောက်မြန်မာနိုင်ငံသားများအား နိုင်ငံတော်ကချီးမြှောက်သောအားဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏

ဆက်လက်ဖတ်ရှုရန်

Oct 30, 2022

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့်ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ၁၉၆၇ ခုနှစ်တွင် အာဆီယံကြေညာချက် (ဗန်ကောက်ကြေညာစာတမ်း) ကို လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းခဲ့သည်။ ထို့နောက် ဘရူနိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်လာခဲ့ပြီး အာဆီယံမိသားစု (၁၀)နိုင်ငံဖြစ်လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2022

၂၀ ရာစု အစပိုင်းတွင် ကမ္ဘာတစ်ခွင်ရှိ မြို့ကြီးများ၌ နေထိုင်သူ ၁၅ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၁ ရာစု အစပိုင်းသို့ ရောက်ရှိလာ သည့်အခါ ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်။ ကျေးလက် ဒေသများမှ ပြောင်းရွှေ့အခြေချလာသူများကြောင့် မြို့ပြများတစ်စတစ်စ ကြီးထွားလာရခြင်းသည် တစ်ဖက်တွင်လည်း နေထိုင်ရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သောက်သုံးရေ၊ စွမ်းအင်နှင့် လောင်စာ၊ လုံခြုံရေး စသည့် လိုအပ်ချက်များကို မြင့်မားလာစေသည်။ မိမိတို့နိုင်ငံတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ဆယ်စုနှစ်အလိုက် နှိုင်းယှဉ်ကြည့်ပါက မြို့ပြဒေသများ ကြီးထွားလာနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် မြိတ်-ထားဝယ်ကားလမ်းဘေး၌ စိုက်ထူထားပြီး ပုလောမြို့နယ်သို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအား အောက်တိုဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်ဓာတ်တိုင် ၂ တိုင် ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဉပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲအား အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင်ခန်းနှင့် သင်ထောက်ကူပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2022

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သွားနှင့်ခံတွင်းရောဂါအထူးကုဆေးရုံ၊ ခွဲစိတ်ကုသဆောင်တွင် Japan Heart အဖွဲ့မှ မျက်နှာ၊ ‌မေးရိုး၊ ခံတွင်းခွဲစိတ်ဆရာဝန် Dr. Naoko KISHI နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သွားနှင့်ခံတွင်း အထူးကု ဆရာဝန်ကြီး ဒေါက်တာခင်မောင် ခေါင်းဆောင်သော သွားနှင့်ခံတွင်း ဆရာဝန် (၁၄) ဦး သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၄) ဦးကို အောက်တိုဘာ (၂၆) ရက်မှ (၂၇) ရက်အထိ အခမဲ့ခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးခဲ့ရာ လူနာရှင်များအနေဖြင့် ကျေးဇူးတင်ဝမ်းမြောက်လျက် ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်