Oct 31, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ အစွန်းရောက် NLD ပါတီဝင်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင်အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 31, 2022
၁၂-၁၀-၂၀၂၂ ရက်နေ့ (၁၀:၄၀)အချိန်ခန့် ကျိုက်ထီးရိုးဘုရားဖူးတောင်တက်ကားဂိတ်အား သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF (၁၂)ဦးခန့် 4 Wheel ယာဉ်တစ်စီးဖြင့် ရောက်ရှိကာ မိုးမိုးကတွတ်ယိုဆိုင်အနီးမှ သေနတ်များဖြင့် စတင်လာရောက်ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားပြီး သောင်းကျန်းသူအကြမ်းဖက် PDF အဖွဲ့သည် မော်တော်ယာဉ်ဖြင့် ဆောင်နိုင်ကြီးကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
Oct 31, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 31, 2022
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ မြန်မာစံတော်ချိန် ၁၀၃၀ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ခ်မြို့၊ Shahparirdwip လှေဆိပ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး ရဲဝေစိုး ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦးအဖွဲ့နှင့် အမှတ်(၂) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(တက္ကနာ့ဖ်)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။
Oct 31, 2022
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်ခဲ့မှုကြောင့် “အောင်တော်မူ” ဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော်တစ်ပါးနှင့် အပြစ်မဲ့ပြည်သူတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
Oct 31, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Oct 31, 2022
ဝန်ကြီးဌာန၏ မြို့နယ်ရုံးအသီးသီးရှိ နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)ပါ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (၅၂) သန်းကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်(၁၃)သန်းကျော်အား နည်းပညာအသုံးပြု၍ ရုံးချုပ် Server သို့ ထည့်သွင်းကာ ဆိုက်ဘာလုံခြုံရေးအစီအမံများဖြင့် ထိန်းသိမ်းထားရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။
Oct 31, 2022
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၁ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့်စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား သွားရောက်တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
Oct 31, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေနှင့် နေကြာမျိုးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 31, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် သွားနှင့်ခံတွင်း ဆရာဝန်များ၊ သူနာပြုများ၊ သွားကျန်းမာရေးသူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာရှင် လုပ်အားပေး များပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်ကြီး၏ နေပြည်တော်ကျောင်းခွဲဖြစ်သော ဝဇိရာနန္ဒသုဗောဓာရုံ ဘုန်းတော်ကြီးကျောင်းရှိ ရဟန်းသံဃာတော်များနှင့် အနီးဝန်းကျင်မှ ပြည်သူများ စုစုပေါင်းလူနာ ၁၆၅ ဦးကို အခမဲ့ ကွင်းဆင်းဆေးကုသခဲ့သည်။
Oct 31, 2022
မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာသန်စွမ်းမှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှု၊ အသားထွက်ရှိမှု အရည်အသွေးများသည် ယင်းတို့ကိုကျွေးမွေးသည့် အစာအာဟာရအပေါ် များစွာတည်မှီနေကြောင်း၊ ထို့ကြောင့် ဒေသနှင့်ကိုက်ညီ ဖြစ်ထွန်းမှုရှိသည့် တိရစ္ဆာန်အစာပင်များ၊ အစာပင်အမျိုးအစားအလိုက် အာဟာရပါဝင်မှုများ အပါအဝင် တိရစ္ဆာန်အစာနှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပျော်ဘွယ်မြို့နယ် မွေးမြူရေးသုတေသနစခန်းသို့ ရောက်ရှိစဉ် တိုက်တွန်းပြောကြားခဲ့သည်။
Oct 31, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေး အစီအမံများကို နည်းလမ်းပေါင်းစုံဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။
Oct 31, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
Oct 31, 2022
(၃၇)ကြိမ်မြောက် အာဆီယံအရင်းအနှီး ဈေးကွက်ဖိုရမ်ဥက္ကဋ္ဌများ အစည်းအဝေးနှင့် ယင်းအစည်းအဝေးနှင့် ဆက်စပ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (37th ASEAN Capital Markets Forum – ACMF Chairs’ Meeting and International Conference) ကို ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 31, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကား ဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီ ဈေးနှုန်းများ
Oct 31, 2022
ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခ/လစာဝင်ငွေများ လွှဲပြောင်းသည့် ပမာဏအပေါ် နိုင်ငံတော်က ပံ့ပိုးငွေများ ထောက်ပံ့ပေးမည်
Oct 31, 2022
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် တန်ဖိုးကြီးသော အရင်းအနှီးမှာ ပညာရေးဖြစ်သည်။ ပညာရေးဖြင့် ရင်းနှီးမြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို တည်ဆောက်ကြသည်။ ပညာသည် မကုန်ခန်းနိုင်သော အရင်းအမြစ်ဖြစ်၍ ပညာဖြင့် ဘက်စုံလွှမ်းခြုံလာအောင် ကြိုးပမ်းနေကြသည်။ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ မြင့်မားတိုးတက်လာရန်အတွက် စနစ်သစ်ပညာရေးကို အကောင်အထည်ဖော်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ပညာရေးစနစ်သစ်သည် ဘက်စုံပညာရေးကို ဦးတည်ဖော်ဆောင်နေသည်။
Oct 31, 2022
(၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ)က မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်း၍ အောက်တိုဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
Oct 30, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 30, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
