Skip to main content

(၁၄) ကြိမ်မြောက် မြန်မာ - လာအိုဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေး ကျင်းပ

တာချီလိတ်   မတ်   ၁၆

(၁၄) ကြိမ်မြောက် မြန်မာ - လာအိုဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေးကို ယမန်နေ့က တာချီလိတ်မြို့ 1G1-11 ဟိုတယ်၌ ကျင်းပသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်နှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမစ္စတာဖိုဆိုင်းခိုင်ခန်း ဖိထွန်တို့ကပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြပြီး နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အထူးသဖြင့် နယ်စပ်ဒေသအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ နယ်စပ်ဖြတ်သန်းသွားလာခွင့်၊ နယ်စပ်စစ်ဆေးရေးဂိတ်များနှင့် နယ်စပ်ကုန်သွယ်ရေး၊ အလုပ်သမားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ မဲခေါင်မြစ်အတွင်း ရေကြောင်းသွားလာမှု၊ နယ်နိမိတ်မှတ်တိုင်များ စစ်ဆေးခြင်းနှင့်ပြုပြင်မွမ်းမံခြင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အခြားကိစ္စရပ်များကို ရင်းနှီးစွာအမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အစည်းအဝေးသို့ နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ညပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည်လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို တာချီလိတ်မြို့ရှိအာခါရိုးရာ စားသောက်ဆိုင်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

(၁၄) ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့်နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေးမတိုင်မီ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို မတ် ၁၄ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနနိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုနှင့်လာအို နိုင်ငံခြားရေးဝန်ကြီးဌာန အမျိုးသားနယ်နိမိတ်ရေးရာကော်မတီရုံး ညွှန်ကြားရေးမှူးချုပ် မစ္စတာအန်နိုးဆင်ခိုင်ပိညာလာတို့ကဦးဆောင်၍ တာချီလိတ်မြို့ 1G1-11 ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်