Skip to main content

ကျောင်းသားဗဟိုပြုနည်းလမ်းများကို အသုံးပြုပြီး ဆန်းသစ်တီထွင်မှုအားကောင်းသော ပညာရပ်ဆိုင်ရာပတ်၀န်းကျင်တစ်ခုတွင် လူ့အသိုင်းအဝိုင်း၊ လူသားနှင့်သဘာ၀ပတ်၀န်းကျင်တို့၏ အကျိုးကို ထိရောက်စွာပါ၀င်ဆောင်ရွက်နိုင်မည့် အင်ဂျင်နီယာများ၊ သုတေသီများ ပြုစုပျိုးထောင်မွေးထုတ်ပေး

နေပြည်တော် မတ် ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ နည်းပညာတက္ကသိုလ်(ရမည်းသင်း)သို့ရောက်ရှိပြီး ဘွဲ့ကြိုသင်တန်းများမှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများအား စာမေးပွဲစည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး စီမံဆောင်ရွက်ရန်နှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ရမည်းသင်း)ရှိ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာဆရာများနှင့်တွေ့ဆုံရာ ဒုတိယပါမောက္ခချုပ်က တက္ကသိုလ် ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော အရည်အသွေးပြည့်ဝသည့် အင်ဂျင်နီယာနည်းပညာရှင်များ ပြုစုမွေးထုတ်ပေးရန်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာရပ်များကို ထိရောက်စွာအသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ၏ အရည်အသွေးမြင့်မားလာစေရေးအတွက် ဆောင်ရွက်ကြရန်၊ ကျောင်းသားဗဟိုပြုနည်းလမ်းများကို အသုံးပြုပြီး ဆန်းသစ်တီထွင်မှုအားကောင်းသော ပညာရပ်ဆိုင်ရာပတ်ဝန်းကျင်တစ်ခုတွင် လူ့အသိုင်းအဝိုင်း၊ လူသားနှင့် သဘာဝပတ်ဝန်းကျင်တို့၏အကျိုးကို ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်မည့် အင်ဂျင်နီယာများ၊ သုတေသီများ ပြုစုပျိုးထောင်မွေးထုတ်ပေးရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မြို့ပြအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာန၊ လျှပ်စစ်အင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာနနှင့် ဌာနပေါင်းစုံတို့၏ Lab ခန်းများနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ Lab ခန်းတွင် ထိရောက်အကျိုးရှိစွာ အသုံးပြုသင်ကြား သင်ယူဆောင်ရွက်နိုင်ရေး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း)၏ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်များသို့ သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်