Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘားအံမြို့ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ

ဘားအံ ဩဂုတ် ၁၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ဘားအံမြို့ အမှတ်(၁) မူလတန်းကြိုကျောင်းနှင့် အမှတ်(၂) မူလတန်းကြိုကျောင်းများသို့ သွားရောက်၍ ကလေးငယ်များကို စနစ်တကျ ပြုစုပျိုးထောင်ပေးရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ကျောင်းပတ်ဝန်းကျင်ဖြစ်စေရေး၊ ကောင်းမွန်သော ကျန်းမာရေးအလေ့အကျင့်ကောင်းများ  စွဲမြဲကျင့်သုံးသည့် ယဉ်ကျေးလိမ္မာသော ကလေးသူငယ်များဖြစ်စေရေး လေ့ကျင့်သင်ကြားပေးရန်  တာဝန်ရှိသူများအားမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဘားအံ၊ ကော့ကရိတ်၊ ဖာပွန်၊ သံတောင်ကြီးနှင့် ကြာအင်းဆိပ်ကြီးမြို့များ၌ တာဝန်ထမ်းဆောင် နေသော လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင် ရေးဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် များကို ရှင်းလင်းပြောကြားသည်။

ပြောကြား

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံသားအားလုံး၏ မွေးသည်မှ အသက်အရွယ်ကြီးရင့်သည်အထိ  လူမှုဘဝတစ်လျှောက်လုံး ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့ရသည့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ သဘာဝဘေးအန္တရာယ်အပါအဝင် ဘေးဒုက္ခကြုံတွေ့ရသူများကို ကူညီထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ပေးခြင်း စသည့် မွန်မြတ်သောလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်နေရသူများဖြစ်၍ မိမိတာဝန်များကို ထမ်းဆောင်ရင်းဖြင့်ပင် ကုသိုလ်များရနေကြောင်း၊ ဝန်ထမ်းအားလုံးသည် မိမိ၏လုပ်ငန်းနှင့်ပတ်သက်၍ ကျွမ်းကျင်သော၊ တော်သော  ဝန်ထမ်းများဖြစ်ရန် လိုသကဲ့သို့ စိတ်ဓာတ်နှင့် ခံယူချက်ကောင်းသော ဝန်ထမ်းများဖြစ်အောင် ကြိုးစားကြရန်ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်