May 18, 2023
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကပြုလုပ်သော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁၆ ရက်က အဆိုပါဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြ ဆရာဆရာမများနှင့်သင်တန်းသား သင်တန်းသူများတက်ရောက် ကြသည်။
May 18, 2023
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင် ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသ များသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရန် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ရောက်ရှိကြသည်။
May 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၁၆ ရက်နံနက်ပိုင်းက တပ်မတော်ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ်မောင်တောမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့နှင့်ကျောက်တော်မြို့တို့သို့ရောက်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြား၍ ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်လှူဒါန်းသည်။
May 18, 2023
၂၀၂၃ ခုနှစ် “ကမ္ဘာ့သွေးတိုးရောဂါနေ့” အထိမ်းအမှတ်အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 18, 2023
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားများ တိုးတက်ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ မေ ၁၄ ရက်တွင် တိုက်ခတ်သွားသော မိုခါမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးခြင်း အများဆုံးပျက်စီးခဲ့သည့် စစ်တွေဒေသ၊ ရသေ့တောင်ဒေသများနှင့် အခြားသော ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ အမြန်ဆုံးလျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
May 18, 2023
မြန်မာနိုင်ငံ၏တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကိုရေးသားပြုစုနိုင်ရန်အတွက် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနရှာဖွေတွေ့ရှိမှုနှင့် မြန်မာ့ကျောက်ခေတ်သုတေသန အထောက်အထားအချက်အလက်များဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ပြုလုပ်သည်။
May 18, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
May 18, 2023
မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃) ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်များ အနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။
May 18, 2023
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍလုပ်ငန်းများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးကြသည်။
May 18, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်း နောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာသို့သွားရောက်ပြီး သက္ကယ်ပြင် တိုက်နယ်ဆေးရုံ၌ IDP စခန်းများမှ မုန်တိုင်းဒဏ်သင့် ဘင်္ဂါလီစခန်းတာဝန်ခံများနှင့်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။
May 18, 2023
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဘေးသင့်သူများအတွက် အများပြည်သူမှ အလှူငွေများလှူဒါန်းရာတွင် လွယ်လင့်တကူလှူဒါန်းနိုင်ရေးနှင့်စပ်လျဉ်း၍ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ (၁)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးကြည်၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
May 18, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရုံး (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် Mr. Stephen Anderson ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 18, 2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) သည် မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများမှ စစ်တွေမြို့အနီး ဖြတ်ကျော်တိုက်ခတ်စဉ် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် မုန်တိုင်းသင့်ဒေသများအား ပိုမိုကောင်းမွန်သည့် လူနေမှုဘဝများ ရောက်ရှိစေရန်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ထိခိုက်ပျက်စီးသည့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်ပေးလျက်ရှိ သည်။
May 18, 2023
မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်သည်။ လူတစ်ဦးချင်းအဖို့ ပညာကောင်းစွာ တတ်မြောက်ရန်လိုအပ်သလို နိုင်ငံအနေဖြင့်လည်း တစ်မျိုးသားလုံးပညာရည်မြင့်မားရန် လိုအပ်သည်။ ပညာတတ်မြောက်သူသည် မတတ်မြောက်သူထက် ဘဝလမ်းခရီး၌ အခွင့်အလမ်းပိုသာသည်။ ဘဝကိုပိုမို၍ကောင်းမွန်အောင် တည်ဆောက်နိုင်ရန်နှင့် ဝင်ငွေမြင့်မား နိုင်ရန်တို့အတွက်လည်း ပညာရေးကအထောက်အကူပေးနိုင်သည်။ ပညာမတတ်မြောက်သူသည် မိမိ၏မိသားစုနှင့် လက်ရှိရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကိုပင် ကောင်းစွာ သိရှိနားလည်နိုင်စွမ်းမရှိသော်လည်း ပညာတတ်မြောက်သူမှာမူ ပိုမို၍အမြင်ကျယ်၊ ပိုမို၍နိုးကြားပြီး ကမ္ဘာလောကတစ်ခွင်ကို သိနားလည်နိုင်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရန် တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ပြီး ပညာတတ်၊ ကျွမ်းကျင်သူများ ရရှိအောင် ပြုစုပျိုးထောင်ခြင်းဖြင့်သာ တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်ကို ရရှိနိုင်သည်။
May 18, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
May 17, 2023
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်ခဲ့သည့် ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များကလှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ထောက်ပံ့ပေးအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ကိုလည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
May 17, 2023
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ မတူပီမြို့နယ်နှင့် လိုင်လင်းပီမြို့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအဆောက်အဦများပြိုကျ၊ ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စု စုစုပေါင်း ၂၂၀ စုတို့မှ လေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် ဟားခါးမြို့၊ ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လေဘေးသင့်ပြည်သူ များတက်ရောက်ကြသည်။
May 17, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား အိမ်မိုးသွပ်များ၊ သွပ်သံများ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါမြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်တာဝန်ရှိသူများ၊ မအူပင်ခရိုင်သဘာဝဘေးအန္တရာယ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
May 17, 2023
မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ(၆)ထပ် ဆောင်အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
May 17, 2023
ရခိုင်ပြည်နယ်စစ်တွေမြို့၌ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းသို့ရောက်ရှိပြီး တပ်မတော်ကမ်းထိုးယာဉ်ဖြင့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့သို့ ပေးပို့မည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများဖြစ်သည့် ရေသန့်စင် စက်ရုံပါရေသယ်ယာဉ်(၂)စီး၊ ဆန်၊ ဆီနှင့်ရိက္ခာများ၊ အမိုးအကာနှင့်ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများတင်ဆောင်နေခြင်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
