Apr 04, 2023
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အသိပညာ၊ အတတ်ပညာရှင်များပေါများခြင်းသည် အဓိကအချက်ဖြစ်သည်။ ထို့ကြောင့်နိုင်ငံတိုင်းနိုင်ငံတိုင်းသည် အသိပညာရှင်၊ အတတ်ပညာရှင်များပေါများရေးအတွက် ပညာရေးရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးဆောင်ရွက်ကြသည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများကိုကြည့်လျှင် အသိပညာရှင်၊ အတတ်ပညာရှင်များ လုံလောက်စွာရှိပြီး နိုင်ငံတိုးတက်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ကြသည်ကို တွေ့ရမည်ဖြစ်သည်။
Apr 04, 2023
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်းရာတွင် နိုင်ငံတစ်ဝန်းလုံးမှ ဆန္ဒမဲပေးခွင့်ရှိသူ ၂၇ သန်းကျော်အနက် ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး ဆန္ဒမဲပေးသူများအနက်မှ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက အတည်ပြုရန် ထောက်ခံခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းရာတွင် ချမှတ်ခဲ့သော သန္နိဋ္ဌာန် (၄) ရပ်မှာလည်း မှတ်သားစရာကောင်းသည်။
Apr 03, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H. E. Mr. Wang Ning အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 03, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Apr 03, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့ပြီး ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် အခမ်းအနားများကို အောင်မြင်စွာကျင်းပခဲ့ကာ အခမ်းအနားတက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ရရှိသည့်ဂုဏ်ထူးဆောင်ဘွဲ့များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။
Apr 03, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၄၂၁) ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်း ရှိပါသည်။
Apr 03, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar ကို ယနေ့၊ နံနက်ပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) ၌ လက်ခံတွေ့ဆုံသည်။
Apr 03, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Apr 03, 2023
တက္ကသိုလ်ဘောလုံးသမားများ၏ အောင်မြင်သော သမိုင်းအစဉ်အလာကို ထိန်းသိမ်းဆောင်ရွက်ရန်၊ ကျောင်းသားများ၏ ဉာဏစွမ်းရည်သာမက ကာယစွမ်းရည် ကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှု၊ စည်းလုံးညီညွှတ်မှု၊ အသင်းအဖွဲ့ဖြင့် ပူပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရန်ရည်ရွယ်၍ ကျင်းပလျက်ရှိသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဆဋ္ဌမနေ့အုပ်စုပွဲစဉ်များကို ယနေ့တွင် ဆက်လက်ကျင်းပသည်။
Apr 03, 2023
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်မှ ၃ ရက်အထိ အလုပ်သဘော ခရီးစဉ်လာရောက်ခဲ့သည်။
Apr 03, 2023
မြတ်စွာဘုရားရှင်သည် လောကလူသားများ ကောင်းကျိုးချမ်းသာဖြစ်စေသည့် ကောင်းမြတ်မှန်ကန်သော မင်္ဂလာတရား (၃၈)ပါးကို ဟောကြားတော်မူခဲ့သည်။ (၃၈)ဖြာမင်္ဂလာတရားတော်တွင် “ပူဇာ စ ပူဇနေယျာနံ” ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ “ဂါရဝေါ စ” ရိုသေထိုက်သူတို့ကို ရိုသေခြင်း၊ “နိဝါတော စ” မာန်မာန မရှိခြင်းဟူသည့် မင်္ဂလာတရားကို ကျင့်သုံးသောသူတို့သည် ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာကောင်းကျိုးများကို တိုးပွားဖြစ်ထွန်းစေသည်။
Apr 03, 2023
လောကီအလို၊ နက္ခတ်ဂြိုဟ်က၊ ထိုထိုသီးပွင့်၊ ခါမလင့်ဘူး၊ နုရင့်ချိန်မီ၊ ကိုက်ဖူးစီလျက်၊ ရာသီမသိ၊ ပန်းနှင့်ညှိသော်၊ ညီဘိကာလ၊ မလွန်ကြရှင့် ... ဟူသော မဃဒေဝလင်္ကာ၏ အဆိုအတိုင်းပင် ဂြိုဟ်နက္ခတ်တို့သည် အချိန်မှန်လှည့်ပတ်လျက် ဥတုရာသီတို့ကလည်း အချိန်မှန်ကူးပြောင်းကြပြီး သစ်ပင်ပန်းမန်တို့ကလည်း သူ့အချိန်အခါ ရာသီအလိုက် ပွင့်ကြ၊ သီးကြကုန်သည်။ သဘာဝတရားကြီး၏ အချိန်မှန်လည်ပတ်နေသော ဖြစ်စဉ်တို့ကို မှတ်သား၍ လူတို့က နေ့၊ ရက်၊ လ၊ နှစ် စသည်တို့ကို ပိုင်းခြားသတ်မှတ်ကြကာ ယဉ်ကျေးမှုအစ ရှေးကာလမှသည် မျက်မှောက်ခေတ်တိုင်အောင် အသုံးပြုလျက်ရှိကြသည်။
Apr 02, 2023
CRPH၊ NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဧပြီ ၁ ရက် ည ၈ နာရီခန့်တွင် စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာနေထိုင်သွားလာလျက်ရှိသည့် ခရီးသည်တင်ယာဉ်အား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Apr 02, 2023
NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားတွင် အသုံးပြုရန်အတွက် ပြည်သူလူထုထံမှ အတင်းအဓမ္မဆက်ကြေးကောက်ခံခြင်း၊ လုယက်ယူဆောင်ခြင်းနှင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
Apr 02, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Apr 02, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၃၂၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်းရှိပါသည်။
Apr 02, 2023
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
Apr 02, 2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်လည်း “ခါသင်္ကြန်အဆိုအက” အစီအစဉ်ကို ယခင်နှစ်များနည်းတူ တင်ဆက်နိုင်ရေး ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့်ကျောင်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ သင်္ကြန်ယိမ်းအဖွဲ့များဖြင့် ရိုက်ကူးရေး ဆောင်ရွက်လျက်ရှိသည်။