Skip to main content

ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့များ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၈

စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနန်နင်းမြို့၌ ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ်(၂၀)မြောက် တရုတ် - အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၊ (၇) ကြိမ်မြောက် တရုတ် -အာဆီယံ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် သွင်းကုန်/ပို့ကုန်အစား အသောက်ဘေးကင်းရေးပူးပေါင်းဆောင်ရွက်မှုညီလာခံသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် (၇) ကြိမ်မြောက် တရုတ် -အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် ကျန်စုပြည်နယ် ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့သည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ကူမင်း မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိကြသည်။

ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့
သမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ (Minister-Counselor) Mr. Jia Junjie နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်