Skip to main content

May 04, 2026

ပြင်ဦးလွင်၊ အင်းလေး၊ နေပြည် တော်၊ ငွေဆောင်နှင့် ချောင်းသာလူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ကြမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နဝမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၆ ဦး၊ ဒသမတန်းလူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၂ ဦး၊ ဧကာဒသမတန်းလူရည်ချွန်ကျောင်းသား ကျောင်း သူ ၁၃၃ ဦး၊ ဒွါဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၉ ဦး၊ တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ်လူရည်ချွန်ကျောင်းသား‌ ကျောင်းသူ ၂၉၁ ဦး၊ စုစုပေါင်း လူရည်ချွန်ကျောင်းသား ကျောင်း သူ ၇၅၁ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမ ၁၀၂ ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံများသို့ သွားရောက်လေ့လာကြပြီး လူရည်ချွန်ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2026

၂၀၂၆ ခုနှစ် မေ ၅ ရက်တွင် ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး (ဗဟိုမီးသတ်) စခန်း၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2026

ဥဇဘတ်ကစ္စတန်နိုင်ငံ၌ ယနေ့ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (29th ASEAN+3 Finance Ministers’ and Central Bank Governors’ Meeting – 29th AFMGM+3) သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2026

ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မဟာ ပါသာဏလိုဏ်ဂူ သိမ်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2026

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရေဆင်းရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် သစ်တောသုတေသနဌာနခွဲမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက သစ်တောသုတေသနဌာနခွဲ၊ စုဝေးခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2026

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဥဇဘက်ကစ္စတန်နိုင်ငံ Samarkand မြို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ Virtual စနစ်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းသင်္ဘောကျင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မေ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ပြီးခဲ့သည့် မေ ၁ ရက်နေ့တွင် ကျင်းပခဲ့သည်။ အရှေ့တောင်အာရှဒေသတွင် သက်တမ်းအရင့်ဆုံးရထားလုပ်ငန်းဖြစ်သည့် မြန်မာ့မီးရထား၏ သက်တမ်းမှာ လာမည့်နှစ်ဆိုလျှင် နှစ်ပေါင်း ၁၅၀ တင်းတင်း ပြည့်မြောက်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2026

၂၀၂၅ ခုနှစ်၊ မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်နန်းတော်ဦး လောကမာရဇိန်စေတီတော်မြတ်ကြီးအား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ပင့်ဆောင်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ပဋိသောတဂါမိနီဓမ္မဗိမ္မာန်တော်၌ ပြုလုပ်ရာ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် ဒေါက်တာ အရှင်တိက္ခသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည် ၊မိသားစုဝင်များ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2026

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၎င်းထုတ်ကုန်များကို သက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ဘားအံမြို့သီရိကွင်း၌ အမှန်တကယ်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ (အခွန်လွတ်)တောင်သူ လယ်သမားဈေးကို ဖွင့်လှစ်ရောင်းချသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2026

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ RUNderful Myanmar Group (Yangon) ၊ MARS Running Group (Mandalay) နှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အားကစားသမားဟောင်းများ လူမှုရေးအသင်းတို့ပူးပေါင်းကျင်းပသည့် Cherry Trail Run 2026 (Pyin Oo Lwin) ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီ ခွဲက အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2026

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆုဝတ္ထုရှည်၊ ဒုတိယဆုရရှိသည့် စာရေးဆရာ ချစ်ညွန့်ကျော်၏ “ကွယ်လေးရဲ့မောင့်ခြုံထည် တန်းသွယ်လို့မိုး” စာအုပ်ကို တန်ဖိုးငွေကျပ် ၅၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 03, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာယနေ့တွင် ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ် ကံကြီးမွေးမြူရေးဇုန်နှင့် ရွှေမြို့ မွေးမြူရေးဇုန်ရှိ မွေးမြူရေးတောင်သူများအားတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2026

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းတို့သည် ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သောနှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ပြီး သွေးလှူဒါန်းကြသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ဆုံအားပေးစကားပြောကြားကာ အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် ကော်မတီဝင်ဦးကျော်ကျော်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိ ရပ်ကွက်အတွင်းရှိ ရေဆိုးသန့်စင်စက်ရုံသို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2026

ပြင်ဦးလွင်၊ အင်းလေး၊ နေပြည်တော်၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ကြမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နဝမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၉၆ ဦး၊ ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၂ ဦး၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၃ ဦး၊ ဒွါဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၉ ဦး၊ တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူ ၂၉၁ ဦး စုစုပေါင်း လူရည်ချွန်ကျောင်းသား ကျောင်း သူ ၇၅၁ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမ ၁၀၂ ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်စုရပ် ဗဟိုစခန်း (ရွာတော်)သို့ ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2026

စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားရှိသည့် ထုတ်လုပ်မှုစီမံချက်၊ ဝယ်ယူရေးစီမံချက်များအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းက သန်လျင်မြို့နယ် ကျောက်တန်းမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာန ရေချိုပုစွန်သားဖောက်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်