Skip to main content

Nov 18, 2025

စင်ကာပူနိုင်ငံတွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှစင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများတို က်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အသက်၊ သွေး၊ ချွေးများ၊ ယာဉ်ယန္တရားများ၊ ငွေကြေးများစွာ ကုန်ကျခံရင်းနှီးပေးဆပ်၍ ပူးပေါင်းပါဝင်တိုက်ဖျက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့ ရောက်ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ရေး အသိပညာပေးနှိုးဆော်မှုများရိုက်ကူးရေး ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ သဘင်အနုပညာရှင်များ ပါဝင်ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ နေပြည်တော်-မန္တလေးနှင့် မန္တလေး- နေပြည်တော်ခရီးစဉ်များကို ဘက်ထရီလျှပ်စစ် စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လက်ရှိ RBE များဖြင့် ပြေးဆွဲနေသော အမှတ်(၂၇)အဆန် နေပြည်တော်-မန္တလေးနှင့် အမှတ်(၂၈)အစုန် မန္တလေး-နေပြည်တော် ရထားခရီးစဉ်များကို ပြောင်းလဲပြေးဆွဲပေးသွား မည်ဖြစ်သည်။ 

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာ့အားကစား အောင်နိုင်ရေး၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်း မြင့်မားရေးနှင့် ရွှေတံဆိပ်ဆုများရရှိအောင် အထောက်အကူဖြစ်စေရေးအတွက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ယူဆောင်သွားမည့် အားကစားနည်းများအလိုက် မြန်မာအားကစားအဖွဲ့များက ပြိုင်ပွဲအသုံးအဆောင် အထောက်အကူပြုပစ္စည်းများ၊ ပြိုင်ပွဲဝင်ဝတ်စုံများ၊ ဖိနပ်များ၊ ပြိုင်ပွဲသုံး လက်နက်ကိရိယာများ ဝယ်ယူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

စက်မှုဝန်ကြီးဌာနမှ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များရရှိခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

လူထုပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း (ခ) ပါစီပြည်ဟိန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

၂၀၂၅ ခုနှစ်၊ အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

(၁၃)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများအစည်းအဝေး (13th ASEAN Law Ministers Meeting- ALAWMM)ကို ဖိလစ်ပိုင်နိုင်ငံမနီလာမြို့၌ နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့ပြီး အာဆီယံအဆင့်မြင့်ဥပဒေအရာရှိများ အစည်းအဝေး (24th ASEAN Senior Law Officials Meeting-ASLO) ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် အကြိမ်(၆၀)မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းက နေပြည်တော် Jasmine Nay Pyi Taw Hotel ၌ Hybrid Mode ဖြင့် စတင်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၁၀ စောင် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးတို့တွင် တာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၃ / ၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

စစ်ဆေးအကဲဖြတ်သူ နည်းစနစ်သင်တန်း (Assessor Methodo-logy Training) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း(ရန်ကင်း)၌ကျင်းပရာ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့(NSSA)ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြီးမှူးကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံဆွေးနွေး ပွဲနှင့် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့ Wyndham Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

​​​​​​​မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးအချိန်ကတည်းက လက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့သည်။ လက်နက်ကိုင်သောင်းကျန်းသူများကြောင့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုများပျက်ယွင်းပြီး ဒေသတွင်းနေထိုင်ကြသောပြည်သူများ ထိခိုက်ခံစားရသကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်မှုများရှိခဲ့သည်။ ထို့ကြောင့် ပြည်ထောင်စုကြီးအတွင်း တည်ငြိမ်အေးချမ်းမှုများပျက်ပြားအောင် ပြုလုပ်နေသူများသည် ဒေသများအတွင်းရှိ လက်နက်ကိုင်သောင်းကျန်းသူများဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2025

​​​​​​​နိုင်ငံတကာတွင် တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ “နိုင်ငံဖြတ်ကျော်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့ (TRACIT)”၏ ဖော်ပြချက်အရ နှစ်စဉ်အမေရိကန်ဒေါ်လာ ၄၆၀ ဘီလီယံထက်မနည်း တရားမဝင်ကုန်သွယ်နေကြသည်ဟု သိရသည်။ မိမိတို့နိုင်ငံမှာ အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံနှင့်နယ်နိမိတ်ထိစပ်လျက်ရှိပြီး အလွယ်တကူဖြတ်ကျော်နိုင်သော၊ ထိန်းသိမ်းစောင့်ကြည့်ရန် ခက်ခဲသော နယ်စပ်များရှိနေခြင်းက တရားမဝင်ကုန်စည်ကူးသန်းရောင်းဝယ်မှုများကို ထိန်းချုပ်ရန်ခက်ခဲပြီး တရားမဝင်ကုန်သွယ်မှုကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်