အမြို့မြို့အနယ်နယ်သတင်းများ

May 17,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အဓိကအသက်မွေးဝမ်းအဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော်လည်း ရာသီဉတုပူးပြင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် ရာသီပေါ်သီးနှံများ အထွက်နှုန်းကျဆင်းခြင်းများကြောင့် ဒေသခံပြည်သူအများစုမှာ တောတောင်များရှိ သဘာဝအလျောက်ပေါက်ရောက်သည့်ရာသီပေါ်သီးနှံများ ဆွတ်ခူးရောင်းချလျက်ရှိပြီး ယခုအချိန် သံတောင်ကြီးဒေသထွက် ရာသီပေါ်သီးနှံဖြစ်သည့် ကနစိုးသီးများ  ဈေးကောင်းရရှိကြောင်း သိရသည်။
May 17,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၈ နာရီခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ငွေနှင့် အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ဆေးရုံဝင်လမ်း၊ နမ့်ပန်ချောင်း ကမ်းစပ်တစ်လျှောက် View Point ပြုပြင်ရန် ငွေကျပ် သိန်း (၅၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
May 17,2024
ရှမ်းပြည်းနယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်အဆင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်အတွက် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားနှင့် လုပ်ငန်းဆိုင်ရာအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
May 17,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၁၅)ရက်နေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ခရိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ခရိုင်၊ မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
May 17,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အရည်အသွေးမြင့်မားစေရန်ရည်ရွယ်ကာ စာကြည့်တိုက် ပညာသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးစာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
May 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ယနေ့နံနက်၉နာရီအချိန်က ကျောင်းသား/သူများနှင့် အများပြည်သူများလေ့လာသိရှိနိုင်ရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးစာစောင်များကို ကပ်ထားကာ ပြသထားလျက်ရှိသည်။
May 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင်ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာ၊ ဗဟုသုတ တိုးပွားလာစေရန် ၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလာစေရန်၊ စာကြည့်တိုက်အား အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉) နာရီအချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။
May 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး သိကောင်းစရာ နံရံကပ်စာစောင်ပြသဆောင်ရွက်မှုကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ပါသည်။