အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2025
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားများအချင်းချင်း ပူးပေါင်းချစ်ကြည်ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများမှဦးဆောင်ကျင်းပသော ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်ညနေ ၅ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
Dec 18,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အဟာရကျွေးခြင်းအခမ်းအနားကို မူလွန်(ပလောက်)ကျောင်း ယနေ့နံနက်ပိုင်းက ကျင်းပသည်။
Dec 18,2025
ကရင်ပြည်နယ် ဘားအံတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁ဝ နာရီက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရုံးဌာနများမှ ဝန်ထမ်းများ စုစုပေါင်း(၆၂၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
Dec 18,2025
ကရင်ပြည်နယ်သည် မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းကြောင်းပေါ်တွင်တည်ရှိပြီး သာယာလှပသော တောတောင်ရေမြေသဘာဝရှုခင်းများ၊ စက်မှုကုန်ကြမ်းနှင့် အဖိုးတန်ဓာတ်သတ္တုများ ပေါများစွာထွက်ရှိခြင်းတို့ကြောင့် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအများအပြားကို ဖော်ထုတ်မြှင့်တင်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့မှဦးဆောင်၍ ဒီဇင်ဘာ ၁၈ ရက် နံနက် ၈ နာရီက ဘားအံမြို့ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၂၅)ကို ကျင်းပသည်။
Dec 18,2025
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
Dec 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လယ် ၁ နာရီက ကျင်းပသည်။
Dec 18,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံရေးတို့အတွက် စိုက်ပျိုးရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေပိုင်းက ပူတာအို မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စူပါဝမ်းဝါးတူလုပ်ငန်း၊ ရွှေတောင် ခေါက်ဆွဲလုပ်ငန်းနှင့်ရင်းနှီးမတည်ပေးထားသည့် စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 18,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် ကျေးလက်ကျန်းမာရေး ဌာနခွဲတွင် ယနေ့နံနက်ပိုင်းက TB Mobile Team အဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။