အမြို့မြို့အနယ်နယ်သတင်းများ

May 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊လူကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နွေရာသီ "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီ ခွဲအချိန်က ဖျာပုံမြို့ အ.ထ.က (၃) ကျောင်း မြမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
May 17,2024
ကသာမြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီ အချိန်က တိုက်ပွဲရှောင်နိုင်ငံ့ဝန်ထမ်းများအား ဆန်ရိက္ခာထောက်ပံ့ပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။
May 17,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ကျောင်းသားကျောင်းသူများ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် နူတ်မှုစွမ်းရည်များ မြင့်မားလာစေရန်အတွက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ကဗျာရွတ်နှင့်ပန်းချီပြိုင်ပွဲကို မေ (၁၆) ရက် နံနက် (၉) နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
May 17,2024
စစ်ကိုင်းတိုင်းစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ကလေးမြို့နယ်၊ နန်းဇလူကျေးရွာ၌ကျင်းပသည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို သွားရောက်ကွင်းဆင်းကြည့်ရှု၍ ဝန်ထမ်းများနှင့်‌ ဒေသခံတောင်သူများအားတွေ့ဆုံပြီး လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
May 17,2024
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ကျောင်းသားကျောင်းသူ၊ လူငယ် လူရွယ်များ အသိပညာ၊ အတတ်ပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) လေ့ကျင့်ရေးခန်းမ၌ နွေရာသီအခြေခံကွန်ပျုတာသင်တန်းအမှတ်စဥ် ( ၃ / ၂၀၂၄)ကို မေလ ၁၆ ရက် နံနက် ၁၁ နာရီက စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
May 17,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်မျှတစေရန်အတွက် ပျိုးပင်များအခမဲ့ဖြန့်ဝေပေးနိုင်ရန် ပျိုးပင်ပေါင်း ၂၀၀၀၀ ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
May 17,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့နံနက်ပိုင်းက သောက်သုံးရေလိုအပ်သော လွမ်းတောင်တောရဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များ သောက်သုံး‌ရေ ဖူလုံစေရန်အတွက် ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ ဖြည့်ဆည်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
May 17,2024
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ စာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့ တက်ရောက် ချီးမြှင့်ပေးခဲ့သည်။