အမြို့မြို့အနယ်နယ်သတင်းများ

May 17,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆည်ရေသောက်၊ ဒေသအလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည်စနစ်များဖြင့် စိုက်ပျိုးထားသည့် နွေစပါးများ ယခင်နှစ်ကထက် အထွက်နှုန်းတိုးမည်ဟု မျှော်မှန်းကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
May 17,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 17,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃နာရီခွဲအချိန်က ကျောင်းသား/သူများအား အသိဉာဏ်ပညာဗဟုသုတဖွံ့ဖြိုးရေးအတွက် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များပြသခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
May 17,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည့်အချိန်တွင် ကျောင်းသား၊ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများ ပူးပေါင်းကာ အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 17,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အမှတ်(၃)ရပ်ကွက်၊ စံပယ်လမ်းရှိ တံတားတည်ဆောက်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 17,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သည့်အပြင် မိသားစု အပိုဝင်ငွေရရှိစေရေးတွက် မွေးမြူရေး လုပ်ငန်းများဖြစ်သည့် ဟင်္သာဘဲများကိုလည်း တပိုင်တနိုင် တွဲဖက်၍ မွေးမြူလျက်ရှိကြောင်း သိရသည်။
May 17,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးဆိုင်ရာသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ​မေလ (၁၀) ရက်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၊​ လေ့ကျင့်ရေးအထက်တန်း​ကျောင်း၊ အ-ထ-က(၁)၊ အ-ထ-က(၂)၊ အ-ထ-က(၃)နှင့် အ-လ-က(၂)တို့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
May 17,2024
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း မြို့နယ်အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီပူးပေါင်းအဖွဲ့က အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း မရှိစေရေး ယမန်နေ့ နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက် မြို့မစျေးနှင့် လေယာဉ်ကွင်းရပ်ကွက်ရှိ စျေးတို့တွင် အခြေခံစားသောက်ကုန် ကုန်စုံဆိုင်များအား ကွင်းဆင်း စစ်ဆေးကြသည်။