ပင်လုံမြို့ မြေစိုက်နံရံကပ်ပြဘုတ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေးသိကောင်းစရာများ ပြသဆောင်ရွက်

ပင်လုံ မေ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး သိကောင်းစရာ နံရံကပ်စာစောင်ပြသဆောင်ရွက်မှုကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ပါသည်။

အဆိုပါနံရံကပ်စာစောင်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေးသိကောင်းစရာများ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်များ၊ ခရမ်းလွန်ရောင်ခြည်အန္တရာယ်၊ ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်၊ အပူရှိန်ပြင်းထန်ချိန် ပြည်သူများသတိပြုလိုက်နာဆောင်ရွက်ရန် အသိပေးပန်ကြားခြင်း၊ ကလေးများတွင် အပူဒဏ်ကြောင့်ဖြစ်သော ရောဂါများ၊ သတိပြုရမည့်အပူဒဏ်အန္တရာယ်များ စသည်တို့ကို ပြသထားရာ ပြည်သူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)