အမြို့မြို့အနယ်နယ်သတင်းများ

May 17,2024
ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် စာကြည့်တိုက်များသို့ သွာရောက်၍ စာအုပ်၊ စာစောင်များကို ဖတ်ရှုမှုနည်းပါလာသဖြင့် လူငယ်များ စာဖတ်ရန်၊ စာဖတ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာပေများကို စိတ်ဝင်စားလာစေရန်နှင့် ဖတ်ရှုအသုံးပြုလာစေရန်၊ ကျောင်းစာတွင်သာမက ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကို မေလ(၁၆) ရက် နံနက် (၁၀) နာရီ အချိန်က အောင်မြေဦးဘုန်းတော်ကြီးသင် ပညာရေးကျာင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 17,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံ ပြည်သူများ၊ လူငယ်လူရွယ်များ လူကုန်ကူးမှုအန္တရာယ်ကို သိရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက်ပိုင်း (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
May 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်၊ ကြံခင်းမြို့နယ် ဆီထွက်သီးနှံ အထူးဇုန်မှ တောင်သူများအား မြေပဲ၊ နှမ်း၊ နေကြာ အထွက်နှုန်းတိုးတက်ရေးနည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် ကဇွန်းခုံကျေးရွာအုပ်စု၊ ကုန်းတလုံးကျေးရွာ ဒက္ခိဏရာမကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
May 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် စွမ်းအားမြှင့်မီးဖိုများသုံးစွဲခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် မီးဖိုထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
May 17,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမ၌ ဖွင့်လှစ်လျက်ရှိသော မြို့နယ်အဆင့် ကင်းထောက်သင်တန်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍  ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 17,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ အ.ထ.က(ကြိုသက်) ပညာ့ရောင်ခြည်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း FD-AFoCo Model Forest Project (AFoCO / 015 / 2020) သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 17,2024
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။