အမြို့မြို့အနယ်နယ်သတင်းများ

May 16,2024
ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာထောက်ပံ့ပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။
May 16,2024
မွန်ပြည်နယ်အတွင်း ဘာသာပေါင်းစုံမှဘာသာဝင်အချင်းချင်း တစ်ဦး၏သဘောတရား၊ ယုံကြည်ချက်နှင့်ခံယူချက်များကို အပြန်အလှန်လေးစားလျက် အတူတကွအေးချမ်းစွာ နေထိုင်နိုင်ကြစေရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)တို့ တွေ့ဆုံခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏမှ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြခဲ့သည်။
May 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟိန်စွန်းကျေးရွာတွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ၏ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို နံနက်(၉)နာရီအချိန်က ကျေးရွာခန်းမ၌ပြုလုပ်ရာ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်မောင်မောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်မတော်အရာရှိစစ်သည်များ၊ ကျေးရွာရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
May 16,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 16,2024
မွန်ပြည်နယ် (၂ဝ၂၄) ခုနှစ် ၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းပြီးမြောက်အောင်မြင်အောင် စွမ်းစွမ်းတမံ သင်ကြားပေးခဲ့ကြသော နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုပွဲအခမ်းအနားကိုယနေ့နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ နည်းပြများနှင့်ကြီးကြပ်သူများ၊ စာသင်သားများ တက်ရောက်သည်။
May 16,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်(Youth Club)တို့ပူးပေါင်း၍ စာရေးဆရာအောင်မိုးထက်ရေးသားသည့် "အောင်မြင်မှုဆီသွားတဲ့အခါ” စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။