တံတားမြို့၊ လူထုအခြေ‌ပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်ပြပွဲခင်းကျင်းပြသ

တံတား‌ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင်ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာ၊ ဗဟုသုတ တိုးပွားလာစေရန် ၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလာစေရန်၊ စာကြည့်တိုက်အား အသုံးပြုတတ်စေရန်  ရည်ရွယ်၍  ယမန်နေ့နံနက်  (၉)  နာရီအချိန်က  စာအုပ်ပြပွဲကို  ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာအုပ်ပြပွဲတွင် အတ္ထုပ္ပတ္တိစာအုပ်များ၊ နိုင်ငံရေးစာပေများ၊ မြန်မာ့သမိုင်းကြောင်းများ၊ အတွေးအခေါ်  ဒဿနိကစာအုပ်များ၊ ဆေးပညာစာအုပ်များ၊ စိုက်ပျိုးမွေးမြူရေး နည်းပညာစာအုပ်များ၊ အနုပညာရပ်များ၊ ဘာသာရေးစာအုပ်များ၊ ဘာသာစကားများ၊ အဘိဓာန်စာအုပ်များ၊ စာ‌ပေဗိမာန်စာမူဆုရစာအုပ်များ ၊ ဘာသာပြန်ဝတ္တုများ ၊ မဂ္ဂဇင်းများ ၊ ဂျာနယ်များ ၊  ကာတွန်းရုပ်ပြများ၊ ကလေးစာပေများစသည့် စိတ်ဝင်စားဖွယ် အထွေထွေဗဟုသုတစာအုပ်များစွာကို ခင်းကျင်းပသထားရာ ပြည်သူများစိတ်ပါဝင်စားစွာ လာ‌ရောက်ကြည့်ရှု၍ ဌားရမ်းခဲ့ကြသည်။

ထိုကဲ့သို့ လစဉ်စာအုပ်ပြပွဲများကို ခင်းကျင်းပြသရခြင်းမှာ ပြည်သူများအား “ဗလငါးတန်ဖွံ့ဖြိုး‌ဖို့စာအုပ်စာပေ‌လေ့လာစို့ ဆောင်ပုဒ်နှင့်အညီ အသိပညာဗဟုသုတများ ဖွံ့ဖြိုးမြင့်မားလာစေရန်၊ စာဖတ်ဝါသနာကို  ပျိုးထောင်‌ပေးရန် ၊ စာဖတ်ခြင်း၏  အကျိုးကျေးဇူးများကို သိရှိခံစားနိုင်ရန်၊ အသစ်ရောက်ရှိသော  စာအုပ်များဖြင့်  မိတ်ဆက်ပေးရန်၊  ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်‌ကြောင်း သိရသည်။

 မိုးဖြူလွင်(ပြန်/ဆက်)