သံတောင်ကြီး မေ ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အဓိကအသက်မွေးဝမ်းအဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော်လည်း ရာသီဉတုပူးပြင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် ရာသီပေါ်သီးနှံများ အထွက်နှုန်းကျဆင်းခြင်းများကြောင့် ဒေသခံပြည်သူအများစုမှာ တောတောင်များရှိ သဘာဝအလျောက်ပေါက်ရောက်သည့်ရာသီပေါ်သီးနှံများ ဆွတ်ခူးရောင်းချလျက်ရှိပြီး ယခုအချိန် သံတောင်ကြီးဒေသထွက် ရာသီပေါ်သီးနှံဖြစ်သည့် ကနစိုးသီးများ ဈေးကောင်းရရှိကြောင်း သိရသည်။
ကနစိုးသီးပင်များသည် တောင်တောင်များနှင့် ဉယျာဉ်ခြံများတွင် သဘာဝအတိုင်းပေါက်ရောက်လျက်ရှိပြီး ဆေးဖက်ဝင်သည့်သီးနှံဖြစ်ပြီး ယခုအချိန်တွင် ရင့်မှည့်လာ၍ ခူးယူရောင်းချသည်။ ကနစိုးသီးများကို သံတောင်ကြီးမြို့ပေါ်များတွင်သာမက တောင်ငူမြို့ရှိ သီးနှံအဝယ်ဒိုင်များထံတွင် သွားရောက်ရောင်းချရာ တစ်ပိဿာလျှင် ကျပ်(၁၃၀၀)ရရှိကြောင်း၊ တန်ဖိုးနည်းသော်လည်း ပိဿာချိန်များလျင် များသည့်အတိုင်း ဝင်ငွေရရှိ၍ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှရှိကြောင်း ကနစိုးသီးခူးယူရောင်းချသူ ဦးမောစီထံက သိရသည်။
နော်နော်မူ